ရေတာရှည်မြို့နယ် ကရင်ချောင်းရေတံခွန်၌ ရေကစားကြရင်း ကျောင်းသားနှစ်ဦး ရေနစ်သေဆုံး


ရေတာရှည် နိုဝင်ဘာ ၉

ပဲခူးတိုင်းဒေသကြီး၊ ရေတာရှည်မြို့အရှေ့ဘက်(၉)မိုင်ခန့်အကွာ၊ ခရိုင်ချင်းဆက်လမ်း၊ ရေလွှဲကျေး ရွာအနီးရှိ ကရင်ချောင်းရေတံခွန်တွင် နိုဝင်ဘာ(၈)ရက်နေ့ မွန်းလွဲ(၂)နာရီခွဲအချိန်ခန့် (တောင်ငူ) အဝေးသင်တက္ကသိုလ်ကျောင်းသား/ကျောင်းသူ(၁၁)ဦးသည် ပျော်ပွဲစားထွက်ရန်ရောက်ရှိ လာခဲ့ပြီးရေတံခွန်အတွင်းရေဆော့ ကစားခဲ့ ရာမှ ညနေပိုင်း ၄ နာရီခွဲအချိန် ရေစီးသန်သည့်အတွက် ရေဆော့ကစားသူများအနက် မောင်ညီညီလွင်(၂၃)နှစ်၊ ဇဗ္မူသီရိမြို့နယ်၊ နေပြည်တော်၊ ဒုတိယနှစ် (မြန်မာစာ)နှင့် မောင်သန့်ဇင်(၂၂)နှစ်၊ ဒုတိယနှစ်(သမိုင်း) ရေအိုးစဉ်ကျေးရွာ၊ ကျောက်ကြီးမြို့နယ် နေသူတို့နှစ်ဦးမှာ ရေနစ်ပျောက်ဆုံးသွားခဲ့သည်။

အခင်းဖြစ်ပွားသည့်နေရာသို့ ရေတာရှည်မြို့မရဲစခန်းမှ စခန်းမှူး ဒုရဲမှူး ကြည်ဖေ၊ တာဝန်မှူး ရဲအုပ် လှမြင့် ဦးစီးအဖွဲ့ကသွားရောက်စစ်ဆေးခဲ့ပြီး ပျောက်ဆုံး သွားသည့် ကျောင်းသားနှစ်ဦး၏ အလောင်းများအား နိုဝင်ဘာ(၉)ရက်နေ့ နံနက် (၁ဝ) နာရီအချိန်တွင် ပြန်လည်တွေ့ရှိခဲ့ရ၍ မြို့မရဲစခန်းက အမှုဖွင့်စစ်ဆေးလျက်ရှိကြောင်းသိရသည်။

ကိုလွင်(ဆွာ)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS/
ရေတာရှည်မြို့နယ် ကရင်ချောင်းရေတံခွန်၌ ရေကစားကြရင်း ကျောင်းသားနှစ်ဦး ရေနစ်သေဆုံး ရေတာရှည်မြို့နယ် ကရင်ချောင်းရေတံခွန်၌ ရေကစားကြရင်း ကျောင်းသားနှစ်ဦး ရေနစ်သေဆုံး Reviewed by THITHTOOLWIN on 19:26 Rating: 5
Powered by Blogger.