ခရီးသည်ယာဉ်ဖြင့် တင်ဆောင်လာသည့် သိန်းကိုးရာ တန်ဖိုးရှိစိတ်ကြွဆေးပြားများ ဖမ်းဆီးရမိ


မန္တလေး၊ နိုဝင်ဘာ ၁၂။

ခရီးသည်ယာဉ်ဖြင့်တင်ဆောင်လာသည့် သိန်းကိုးရာတန်ဖိုးရှိ စိတ်ကြွဆေးပြားများကို နိုဝင်ဘာ ၁၁ရက်နေ့က ဖမ်းဆီးရမိ ခဲ့သည်ဟု မန္တလေးတိုင်းဒေသကြီး တိုင်းရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။

မူးယစ်တပ်ဖွဲ့စု(၁၇)မှ တပ်ဖွဲ့ဝင်များနှင့် ပူးပေါင်းအဖွဲ့သည် နိုဝင်ဘာ ၁၁ ရက်နေ့၊ နံနက် ၃ နာရီခွဲအချိန် က (၁၆)မိုင်ကျောက်ချော စစ်ဆေးရေးဂိတ်တွင် မူးယစ်သတင်းအရ ယာဉ်များအား ရှာဖွေ စစ်ဆေးနေစဉ် လားရှိုးဘက်မှ မန္တလေးဘက်သို့ မောင်းနှင်လာသည့် AD Van ခရီးသည်တင်ယာဉ်အား ရပ်တန့်စစ်ဆေးခဲ့သည်။

ထိုသို့ ရှာဖွေရာတွင် ယာဉ်နောက်ဖုံးအတွင်း စီးနင်းလိုက်ပါလာသည့်ခရီးသည် ကျော်ဆန်းမင်း ၃၂ နှစ်၊ နယ်မြေ(၆)၊ ရပ်ကွက်(၇)၊ လားရှိုးမြို့နေသူ၏ ရှေ့ရှိအစိမ်းရောင်ပလပ်စတစ် လက်ဆွဲခြင်းထဲမှ ဂျပ်ဖာဘူးခွံအတွင်း အပြာရောင်ပလပ်စတစ် ကပ်ခွာအိတ်အတွင်းထည့်လျက် 88/1 စာတမ်းပါ ပန်းရောင် စိတ်ကြွရူးသွပ်ဆေးပြား ၂၀၀ ပြားစီပါ သည့် အထုပ်(၃၀)ပါကင်အထုပ် ကြီး(၃)ထုပ်၊ စုစုပေါင်းဆေးပြား(၁၈၀၀၀)ပြား၊ အလေးချိန် (၁.၈)ကီလိုဂရမ်(ဒေသပေါက်ဈေး ၁ ပြားလျှင် ၅၀၀၀ ကျပ်နှုန်း ဖြင့် ကျပ်သိန်း ၉၀၀ ခန့်)အား တွေ့ရှိဖမ်းဆီးရမိခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။

မူးယစ်ဆေးသယ်ဆောင်လာသူများကို အုန်းချောနယ်မြေရဲစခန်းတွင် ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၆၆/၂၀၁၇ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ၁၅/၁၉(က)/၂၁အရ အမှူဖွင့်အရေးယူထားကြောင်းသိရသည်။

ရဲရင့်
Central News Myanmar
https://www.facebook.com/CNMyanmar/
ခရီးသည်ယာဉ်ဖြင့် တင်ဆောင်လာသည့် သိန်းကိုးရာ တန်ဖိုးရှိစိတ်ကြွဆေးပြားများ ဖမ်းဆီးရမိ  ခရီးသည်ယာဉ်ဖြင့် တင်ဆောင်လာသည့် သိန်းကိုးရာ တန်ဖိုးရှိစိတ်ကြွဆေးပြားများ ဖမ်းဆီးရမိ Reviewed by THITHTOOLWIN on 19:46 Rating: 5
Powered by Blogger.