မုံရွာခရိုင်တရားရုံးအချုပ်ခန်းတွင် အမှုရင်ဆိုင်နေဆဲ ရုံးထုတ်အချုပ်သားခုနှစ်ဦး အချုပ်ဖောက်ပြေးရာတွင် သုံးဦးသာ ပြန်လည် ဖမ်းဆီးရမိ


မုံရွာ - အောက်တိုဘာ ၃၁

စစ်ကိုင်းတိုင်းဒေသကြီး မုံရွာခရိုင်တရားရုံးတွင် အမှုရင်ဆိုင်နေဆဲ အချုပ်သားခုနှစ်ဦး အချုပ်ဖောက်ပြေးမှု တစ်မှုဖြစ်ပွားခဲ့ကြောင်း မုံရွာမြို့မရဲစခန်းမှ သိရသည်။

အောက်တိုဘာ ၃၁ ရက်ညနေ ၄ နာရီဝန်းကျင်ခန့်က မုံရွာခရိုင်တရားရုံး အချုပ်ခန်းအား အမှုရင်ဆိုင်နေဆဲ အချုပ်သားခုနှစ်ဦမှ သံဖြတ်ဒိုင်းလွှကို အသုံးပြုလျက် အသားဖြင့် ကာရန်ထားသော အချုပ်ခန်းအသားချောင်းအား လှီးဖြတ်၍ ဖောက်ထွင်းထွက်ပြေးခဲ့ကြောင်း သိရသည်။


အဆိုပါ ဖောက်ထွင်းထွက်ပြေးသွားသူ အချူက်သား ခုနှစ်ဦး အနက် ရဲတပ်ဖွဲ့မှ သုံးဦးသာ ပြန်လည် ဖမ်းဆီးရမိကြောင်း သိရသည်။ ထွက်ပြေးလွတ်မြောက်နေဆဲ အချုပ်သားလေးဦးမှာ မူးယစ်ဆေးဝါးမှုဖြင့် ရဲတပ်ဖွဲ့၏ ဖမ်းဆီးချင်းခံထားသူများဟု သိရသည်။


၎င်းတို့မှာ တိုးနိုင် ၄၃ နှစ် ရာကြီးအမှတ် ၃၉/၁၇ မူစိတ်ပုဒ်မ ၁၅/၁၉(က) ခရိုင်တရားရုံး။ နောင်ရဲ ၂၉နှစ်ရာကြီးအမှတ် ၄၄/၁၇ မူးစိတ်ပုဒ်မ၁၅/၁၉(က)/၂၁ ခရိုင်တရားရုံး။ အောင်ပြည့်စုံဟိန်း ၂၀ နှစ် ရာကြီးအမှတ်၂၉၈၉/၁၆ မူးစိတ်ပုဒ်မ ၁၅/၁၆(ဂ) မြို့နယ်တရားရုံးနှင့် ဇော်မင်းနိုင်(ခ)ဇော်ကြီး ၂၈ နှစ် ရာကြီးအမှတ် ၅၆၉/၁၇ မူးစိတ်ပုဒ်မ ၁၅/၁၆(ဂ) မြို့နယ်တရားရုံးတွင် အသီးသီး အမှုရင်ဆိုင်နေဆဲ အချုပ်သားလေးဦး လွတ်မြောက်နေကြောင်း မုံရွာမြို့မရဲစခန်းမှ သိရသည်။

မောင်လေး ငယ်ငယ်
https://www.facebook.com/mgmglay.ngenge
မုံရွာခရိုင်တရားရုံးအချုပ်ခန်းတွင် အမှုရင်ဆိုင်နေဆဲ ရုံးထုတ်အချုပ်သားခုနှစ်ဦး အချုပ်ဖောက်ပြေးရာတွင် သုံးဦးသာ ပြန်လည် ဖမ်းဆီးရမိ မုံရွာခရိုင်တရားရုံးအချုပ်ခန်းတွင် အမှုရင်ဆိုင်နေဆဲ ရုံးထုတ်အချုပ်သားခုနှစ်ဦး အချုပ်ဖောက်ပြေးရာတွင် သုံးဦးသာ ပြန်လည် ဖမ်းဆီးရမိ Reviewed by THITHTOOLWIN on 00:55 Rating: 5
Powered by Blogger.