ARSA အစွန်းရောက် ဘင်္ဂါလီအကြမ်းဖက်သမားများ ပြုလုပ်ထားသည့် လိုဏ်ဂူတစ်ခု ထပ်မံတွေ့ရှိ

မောင်တောမြို့နယ် ကျောက်ပန္တုကျေးရွာအနီး ARSA အစွန်းရောက် ဘင်္ဂါလီအကြမ်းဖက်သမားများ ပြုလုပ်ထားသည့် လိုဏ်ဂူတစ်ခု ထပ်မံတွေ့ရှိ
နေပြည်တော်၊ နိုဝင်ဘာ ၁၃

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ ကျောက်ပန္တုနှင့် သင်္ဘောကွေ့ကျေးရွာများအနီး၌ ARSA အစွန်းရောက် ဘင်္ဂါလီအကြမ်းဖက်သမားများ ပြုလုပ်ထားသော လိုဏ်ဂူသုံးခုအား နိုဝင်ဘာ ၅ ရက် နံနက်ပိုင်းတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များက ရှာဖွေတွေ့ရှိခဲ့သည်။


အလားတူ နိုဝင်ဘာလ ၁၃ ရက်နေ့ တွင်လည်း မောင်တောမြို့နယ်၊ ကျောက်ပန္တုကျေးရွာအနီး လုံခြုံရေးတပ်ဖွဲ့ဝင်များက တရားဥပဒေစိုးမိုးရေး လုပ်ငန်းများဆောင်ရွက်စဉ် ကျောက်ပန္တုကျေးရွာ၏တောင်ဘက် မီတာ ၃၀၀ ခန့်အကွာ၌ ARSA အစွန်းရောက်ဘင်္ဂါလီ အကြမ်းဖက်သမားများပြုလုပ်ထားသည့် အလျား ၃ ပေခွဲ၊ အနံ ၂ ပေရှိ သစ်သားပေါင်များဖြင့် ပြုလုပ်ထားသော မြေအောက်ကျင်း တံခါးအားတွေ့ရှိသဖြင့် ၀င်ရောက်ရှင်းလင်းရာ အလျား ၁၅ ပေ၊ အနံ ၅ ပေ၊ အမြင့် ၅ ပေခွဲရှိ မြေကျင်းအား အမိုးပေါ်တွင် ၆ လက်မပတ်လည် သစ်သားမျောတုံးများ ဖြင့်ကာရံထားသည့် မြေအောက် လူလုပ် လိုဏ်ဂူတစ်ခုကို ထပ်မံရှာဖွေတွေ့ရှိခဲ့သည်။

အဆိုပါလိုဏ်ဂူတွေ့ရှိခဲ့သည့် ကျေးရွာအနီးတစ်ဝိုက်အား လုံခြုံရေးတပ်ဖွဲ့ဝင်များက ထပ်မံအသေးစိတ် စစ်ဆေးရှာဖွေလျက်ရှိကြောင်း သတင်းရရှိသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး
https://www.facebook.com/Cincds
ARSA အစွန်းရောက် ဘင်္ဂါလီအကြမ်းဖက်သမားများ ပြုလုပ်ထားသည့် လိုဏ်ဂူတစ်ခု ထပ်မံတွေ့ရှိ ARSA အစွန်းရောက် ဘင်္ဂါလီအကြမ်းဖက်သမားများ ပြုလုပ်ထားသည့် လိုဏ်ဂူတစ်ခု ထပ်မံတွေ့ရှိ Reviewed by THITHTOOLWIN on 10:23 Rating: 5
Powered by Blogger.