မောင်တောမြို့နယ်၊ ကျောက်ပန္တုနှင့် သင်္ဘောကွေ့ကျေးရွာများ၌ ARSA အစွန်းရောက် ဘင်္ဂါလီအကြမ်းဖက် သမားများ ပြုလုပ်ထားသည့် လှိုဏ်ဂူများရှာဖွေတွေ့ရှိ


နေပြည်တော် ၊ နိုဝင်ဘာ- ၆

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ ကျောက်ပန္တုနှင့် သင်္ဘောကွေ့ကျေးရွာများ၌ ARSA အစွန်းရောက် ဘင်္ဂါလီအကြမ်းဖက်သမားများ ပြုလုပ်ထားသည့် လှိုဏ်ဂူများတွေ့ရှိကြောင်း သတင်းအရ နိုဝင်ဘာ ၅ ရက်နံနက်ပိုင်းတွင် လုံခြုံရေး တပ်ဖွဲ့ဝင်များက အဆိုပါကျေးရွာများသို့ သွားရောက်ရှာဖွေရာ ကျောက်ပန္တု ကျေးရွာအလယ်ရှိ တောင်ကုန်းငယ်၌ အလျား ၁၅ ပေ၊ အနံ ၁၀ ပေ၊ အမြင့် ၅ ပေရှိ သစ်လုံးများမိုးထားပြီး ပျဉ်ခင်းထားသော လူလုပ်လှိုဏ်ဂူတစ်ခုကို တွေ့ရှိခဲ့ကာ စစ်ဆေးချက်များအရ ယခင်က အကြမ်းဖက်သမားများ သိုဝှက်ထားသည့် ရေစိုပျက်စီးနေသော ဆန်အိတ် ၁၃ အိတ်နှင့် ရေပုံအမည်း ၁ ပုံးတို့အား ရှာဖွေ တွေ့ရှိခဲ့သည်။

ဆက်လက်ပြီး သင်္ဘောကွေ့ကျေးရွာသို့ ထပ်မံသွားရောက်ရှာဖွေခဲ့ရာ ကျေးရွာ၏ အရှေ့ဘက်တောင်ကုန်း၌ အမြင့် ၄ ပေ၊ အနံ ၃ ပေရှိပြီး ကျောက်သားအား ထွင်းထား သော လှိုက်ဂူတစ်ခုအား ရှာဖွေတွေ့ရှိခဲ့သည်။ အဆိုပါလှိုဏ်ဂူသည် အပေါက်ဝမှ ပေ ၂၀ ခန့်ဝင်ရောက်သွားပါက လမ်းခွဲ ၂ ခုရှိကာ ယာဘက်လမ်းခွဲ၏ အရှည်သည် ပေ ၃၅ ခန့်ရှိပြီး ဘေးဝဲယာနံရံများ၌ ၂ ပေခန့်ရှိလူနေထိုင် အိပ်စက်နိုင်ရန်နေရာများနှင့် အဆုံး၌ ၅ ပေပတ်လည်အကျယ်ရှိ မြေလွတ်တစ်ခုတို့ကိုပြုလုပ်ထားကြောင်း၊ ၀ဲဘက်လမ်းခွဲ၏ အရှည်သည်လည်း ပေ ၄၀ ခန့်ရှည်လျာပြီး ဘေးဝဲယာနံရံများ၌ ၂ ပေခန့်ရှိ လူနေထိုင် အိပ်စက်ရန်နေရာများနှင့် လမ်းအဆုံး၌ ထွက်ပေါက် တစ်ခုတို့ကို ပြုလုပ်ထားကြောင်းနှင့် ၎င်းလှိုဏ်ဂူသည် ယခင်က အကြမ်းဖက်သမားအင်အား ၂၀ ဦးမှ ၂၅ ဦးခန့်နေထိုင်ခဲ့ကြောင်းတို့အား စစ်ဆေးတွေ့ရှိရပြီး လှိုဏ်ဂူအတွင်းမှ ဆန်အိတ်ပိုင်း ၅ ပိုင်း၊ ဆီပုံးခွံ ၁ ခု၊ သင်္ဘောကွေ့ကျေးရွာနေ မာမတ်တူဆောင်း(ဘ)မိုဟာမတ်ကာလာမျာနှင့် ကျောက်ပန္တုကျေးရွာနေ အဒူဟာလိပ်(ဘ)အာဘူဟာရှိန်းတို့၏ အမည်များပါရှိသည့် ကျောင်းသားကတ် ၂ ခု၊ ကိုရမ်ကျမ်း စာအုပ် ၃ အုပ်နှင့် ဟောင်းနွမ်းနေသည့် အင်္ကျီ ၃ ထည်တို့အား ရှာဖွေတွေ့ရှိရသည်။


အလားတူ ယနေ့တွင်လည်း လုံခြုံရေးတပ်ဖွဲ့ဝင်များက အဆိုပါကျေးရွာ ၂ ရွာ၌ ရှာဖွေရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်လျက်ရှိစဉ် ကျောက်ပန္တုကျေးရွာ၏ အရှေ့မြောက်ဘက် မီတာ ၂၀၀၀ ခန့်အကွာ၌ အကျယ် ၃ ပေ၊ အမြင့် ၅ ပေခွဲ၊ အရှည် ပေ ၁၃၀ ခန့်ရှိ ကျောက်လှိုဏ်ဂူ (ဒေသအခေါ်ကာဆင်းဂူ)တစ်ခုအား ထပ်မံ ရှာဖွေတွေ့ရှိခဲ့သည်။


အဆိုပါလှိုဏ်ဂူများတွေ့ရှိခဲ့သည့်ကျေးရွာများနှင့် အနီးတစ်ဝိုက်တို့အား လုံခြုံရေးတပ်ဖွဲ့ဝင်များက အသေးစိတ် စစ်ဆေးရှာဖွေလျက်ရှိကြောင်း သတင်းရရှိသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး
https://www.facebook.com/Cincds/

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

အချိန်နဲ့ တပြေးညီ သတင်းများ ဖတ်ရှုနိုင်ဖို့  facebook "like" ကို နှိပ်ပါ။ thithtoolwin9@gmail.com ကို လည်း သတင်းများ ဆက်သွယ်ပေးပို့ နိုင်ပါသည်။
နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Advertisement

 

အသစ် တင်သမျှ သတင်းများ အလို အလျှောက်ပို့  ပေးပါမည်

ကျန်းမာရေးနှင့် ဖျော်ဖြေရေး

တစ်ပတ်အတွင်း စိတ်ဝင်စားဖွယ်ရာ သတင်းများ

သတင်းစာနှင့် ဂျာနယ်များ