နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ၂၀၁၇ APEC နဲ့ အာဆီယံထိပ်သီး ညီလာခံတက်ရောက်မည်

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီလအတွင်းကျင်းပမယ့် ဒေသတွင်းထိပ်သီးညီလာခံတွေကို တက်ရောက်မှာဖြစ်တယ်လို့ နိုင်ငံပိုင်အသံလွှင့်ဌာနတွေက တနင်္လာနေ့မှာ ကြေညာခဲ့ပါတယ်။ နိုဝင်ဘာ ၁၀ ရက်ကနေ ၁၄ ရက်နေ့ကျင်းပမယ့် အာဆီယံထိပ်သီးညီလာခံ နဲ့ တခြားဆက်စပ်ဆွေးနွေးပွဲတွေကို ဖိလစ်ပိုင်မှာ မြန်မာခေါင်းဆောင်အပြင် နိုင်ငံခြားရေးဝန်ကြီးလည်းဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်တက်ရောက်မှာ ဖြစ်ပါတယ်။

ဒါ့အပြင် ဗီယက်နမ်နိုင်ငံမှာ ဒီသီတင်းပတ် နိုဝင်ဘာ ၁၁ ရက်နဲ့ ၁၂ တို့မှာ ၂၀၁၇ APEC အာရှဖိစိဖိတ်စီးပွါးရေးပူးပေါင်းဆောင်ရွက်မှု ထိပ်သီးညီလာခံကိုလည်း ဒေါ်အောင်ဆန်းစုကြည်တက်ရောက်မှာ ဖြစ်တဲ့အကြောင်း သီတင်းကြေညာချက်မှာ ဖော်ပြထားပါတယ်။ မြန်မာနိုင်ငံအနေနဲ့ APEC အဖွဲ့ဝင်နိုင်ငံ မဟုတ်ပေမယ့် ဗီယက်နမ် သမ္မတ Trần Đại Quangရဲ့ ဖိတ်ကြားချက်အရ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ဒီညီလာခံကို တက်ရောက်မှာ ဖြစ်ပါတယ်။

ဒီညီလာခံကို အမေရိကန်သမ္မတ Trump အပြင် တခြားကမ္ဘာ့ခေါင်းဆောင်တွေလည်း တက်ရောက်ကြမှာ ဖြစ်ပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)
https://burmese.voanews.com
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ၂၀၁၇ APEC နဲ့ အာဆီယံထိပ်သီး ညီလာခံတက်ရောက်မည် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ၂၀၁၇ APEC နဲ့ အာဆီယံထိပ်သီး ညီလာခံတက်ရောက်မည် Reviewed by THITHTOOLWIN on 07:12 Rating: 5
Powered by Blogger.