အမြန်လမ်းတွင် ဘီးပြုတ်ထွက်အောင်မောင်းသည့် Alphard ယာဉ်တိမ်းမှောက်


နေပြည်တော် နိုဝင်ဘာ ၁၂

ရန်ကုန် မန္တလေးအမြန်လမ်းမကြီးတွင်ယနေ့နံနက် ပိုင်းတွင် Alphard ယာဉ် ဘီးပြုတ်ထွက်ပြီးတိမ်း မှောက်ခဲ့ကြောင်းသိရသည်။

ဖြစ်စဉ်မှာ အမြန်လမ်းမကြီး၏ သီးကုန်းအမြန်လမ်းပိုင်း မိုင်တိုင်အမှတ် ၃၀၄/၃ နှင့် ၃၀၄/၄ အကြား ယနေ့နံနက် ၆နာရီ ၁၅ မိနစ်က ယာဉ်မောင်း မြတ်မင်းကို မောင်းနင်လာသော Alphard ယာဉ်မှာ ယာဘက်ရှေ့ဘီးပြုတ်ထွက်ပြီး အရှိန်မထိမ်းနိုင်ဘဲ တိမ်းမှောက်ခဲ့သည်။


ဖြစ်စဉ်ကြောင့်ယာဉ်ပေါ်တွင်ယာဉ်မောင်းပါအမျိုးသား ၅ ဦးဒဏ်ရာရှိခဲ့သည်။ဒဏ်ရာရရှိသူများအား တပ်ဖွဲ့ပိုင်ယာဉ်ဖြင့် မိတ္ထီလာဆေးရုံသို့ပို့ဆောင်ပေးခဲ့ရသည်။

သို့ပါ၍ယာဉ်ကိုမဆင်မခြင်ပေါ့ဆစွာမောင်းနှင်သည့်ယာဉ်မောင်းအားသက်ဆိုင်ရာကအမှုဖွင့်အရေးယူထားကြောင်းသိရသည်။

သန်းဦး(လေးမျက်နှာ)
ဓါတ်ပုံ/အမြန်လမ်းရဲတပ်ဖွဲ့
Min Myat Oo (fb)
အမြန်လမ်းတွင် ဘီးပြုတ်ထွက်အောင်မောင်းသည့် Alphard ယာဉ်တိမ်းမှောက် အမြန်လမ်းတွင် ဘီးပြုတ်ထွက်အောင်မောင်းသည့် Alphard ယာဉ်တိမ်းမှောက် Reviewed by THITHTOOLWIN on 12:28 Rating: 5
Powered by Blogger.