AAနှင့်မြန်မာ့တပ်မတော်တို့၏ တိုက်​ပွဲ​ကြောင့်​ ​ကျောင်းသားတစ်​ဦး​သေဆုံးပြီး ​ဒေသခံ ၃ ဦးဒါဏ်​ရာရရှိ


နိုဝင်​ဘာ ၈--

ချင်းပြည်နယ်တောင်ပိုင်း ပလက်ဝမြို့နယ် နှုံးဘူးကြီးရွာနှင့်ငရှားကျေးရွာကြားယနေ့မနက် (10:05)နာရီမှ (11:00)နာရီအထိ ရှင်းလက်ဝကျေးရွာပြန် ကုန်တင်စက်လှေတွင် အမျိုးသမီးအဖွါးကြီး(၃)ဦးနှင့် အစိုးရစက်မှုလက်မှုသိပ္ပံကျောင်းသား မောင်အောင်စိုး၊ စက်လှေသမား စုစုပေါင်း (၅)ဦး လိုက်ပါလာသောစက်လှေကို မြန်မာစစ်တပ်စက်လှေအထင်ဖြင့် မှားပြီးပစ်ခတ်ခဲ့ရာ ကျောင်သားလေးမှာသေဆုံးခဲ့သည်။

အဖွါးကြီး(၃)ဦးသည် ပလက်ဝပြည်သူ့ဆေးရုံတွင် ဆေးကုသခံယူနေကြရပါသည်။ စက်လှေသမားမှာ ဒဏ်ရာဒဏ်ချက် မရရှိခဲ့ပါ။


မြန်မာတပ်မတော်စီးပါလာ​သော စက်လှေကိုလည်း AAအဖွဲ့မှ ပစ်ခတ်တိုက်ခိုက်ခဲ့​ကြောင်း သိရသည်။ AAအဖွဲ့လက်နတ်ကြီးများ အသုံးပြုခြင်း​ကြောင့် မြန်မာစစ်တပ်ဘက်က သေဆုံးသူ(၁၇)ဦးသိရှိသည် သတင်းရပါသည်​။ ဒဏ်ရာရရှိသူဦးရေ များပြားနေသည်ဟု သိရ​သော်​လည်း လူဦး​ရေအတိအကျကို အတည်မပြုနိုင်သေး​ပေ။

Credit: Aikhin
Khumi Media Group -ခူမီးမီဒီယာ
https://www.facebook.com/khumimediagroup
AAနှင့်မြန်မာ့တပ်မတော်တို့၏ တိုက်​ပွဲ​ကြောင့်​ ​ကျောင်းသားတစ်​ဦး​သေဆုံးပြီး ​ဒေသခံ ၃ ဦးဒါဏ်​ရာရရှိ AAနှင့်မြန်မာ့တပ်မတော်တို့၏ တိုက်​ပွဲ​ကြောင့်​ ​ကျောင်းသားတစ်​ဦး​သေဆုံးပြီး ​ဒေသခံ ၃ ဦးဒါဏ်​ရာရရှိ Reviewed by THITHTOOLWIN on 19:58 Rating: 5
Powered by Blogger.