နေပြည်တော် နိုဝင်ဘာ ၂
ရန်ကုန် - မ္တလေး အမြန်လမ်း၏ ဘောနက်ကြီး အမြန်လမ်းအပိုင်း မိုင်တိုင်အမှတ် ၃၈/၆ နှင့် ၃၈/၇ အကြား နေပြည်တော်မှ ရန်ကုန် ဘက်သို့ ယာဉ်မောင်း ဇော်မိုး မောင်းနှင် လာသော 7 United Express ဘုရားဖူးယာဉ်သည် ယနေ့ နံနက် ၂ နာရီက လမ်းလယ်ကျွန်း ပြတ်လမ်းသို့ ရုတ်တရက် ချိုးကွေ့စဉ် လမ်းအတိုင်း အနောက်မှ ယာဉ်မောင်း ဦးအောင် ဇော်ထွန်း မောင်းနှင်လာသည့် ရိုးရိုးလေး ခရီးသည်တင် Express ယာဉ်နှင့် တိုက်မိခဲ့သည်။
ဖြစ်စဉ်ကြောင့် ရိုးရိုးလေး ခရီး သည်တင် Express ယာဉ်ပေါ်တွင် ယာဉ်မောင်းပါ အမျိုးသား ၂၁ ဦး၊ အမျိုးသမီး ၂၁ ဦးပေါင်း ၄၂ ဦးမှာ ထိ ခိုက်ဒဏ်ရာရရှိမှု မရှိသော်လည်း 7 United Express ယာဉ်ပေါ်တွင် ယာဉ်မောင်းပါ အမျိုးသား ခုနစ်ဦး၊ အမျိုးသမီး ၃၈ ဦး ပေါင်း ၄၅ ဦးအနက် အမျိုးသမီး ငါးဦး ဒဏ်ရာရရှိခဲ့သည်။ ဒဏ်ရာရရှိသူများအား တပ်ဖွဲ့ပိုင် ယာဉ်ဖြင့် ပဲခူးဆေးရုံသို့ ပို့ဆောင်ပေး ခဲ့ရသည်။
ထို့အတူ ယနေ့ နံနက် ၁၁ နာရီ ၁၅ မိနစ်က ပေပင်လေး အမြန်လမ်း အပိုင်း မိုင်တိုင်အမှတ် ၂၄၅/၄ နှင့် ၂၄၅/၅ အကြား မန္တလေးမှ နေပြည်တော်ဘက်သို့ ယာဉ်မောင်း အောင်ဇော်လွင် မောင်းနှင်လာသောKLUGER မော်တော်ယာဉ်မှာ ဝဲဘက် ရှေ့ဘီးပေါက်၍ အရှိန်မထိန်းနိုင်ဘဲ လမ်းလယ်ကျွန်းပေါ် ကျော်တက်ကာ တစ်ဖက်ယာဉ်ကြော လမ်းဘေးသို့ တိမ်းမှောက်ခဲ့သည်။
ဖြစ်စဉ်ကြောင့် ယာဉ်ပေါ်ပါရှိသူ အမျိုးသား တစ်ဦး၊ အမျိုးသမီးတစ်ဦး ဒဏ်ရာရရှိခဲ့သည်။ ဒဏ်ရာရရှိသူများ အား တပ်ဖွဲ့ပိုင်ယာဉ်ဖြင့် ညောင်ကုန်း ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ရသည်။
သို့ပါ၍ ဖြစ်စဉ်များမှ ယာဉ်မောင်း များအား သက်ဆိုင်ရာက အမှုဖွင့်အရေး ယူထားကြောင်း သိရသည်။
ညီညီသန်း( နေပြည်တော်)
ဓာတ်ပုံ- အမြန်လမ်းရဲတပ်ဖွဲ့
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS/
အမြန်လမ်းတွင် 7 United Express ဘုရားဖူးယာဉ်နှင့် ရိုးရိုးလေး Expressယာဉ်တို့ မတော်တဆ တိုက်မိ
Reviewed by THITHTOOLWIN
on
09:15
Rating:
