စစ်တွေမြို့နယ် ခေါင်းဒုက္ကာကျေးရွာအုပ်စုတွင် ကျပ် သိန်း(၇၀၀)နီးပါးတန်ဖိုးရှိ WY ဆေးပြားများ ဖမ်းဆီးရမိ


ရခိုင်ဂေဇက်၊ အောက်တိုဘာ ၁၀

ရခိုင်ပြည်နယ် စစ်တွေမြို့နယ်၊ ခေါင်းဒုက္ကာကျေးရွာအုပ်စု အုန်းတောကြီးမြောက်၊ ကယ်ဆယ်ရေးစခန်း၊ အဆောင်(၁၀၈)၊ အခန်း(၃)နေ ဒေါ်မခင်လှ(ခ)ဖာတေမာခါတူ(၄၅)နှစ်၏ နေအိမ်အခန်းတွင်း မှWY စာတန်းပါ စိတ်ကြွဆေးပြား ၂၈၉၁၂ ပြား ကို အောက်တိုဘာ(၉)ရက်နေ့ ညနေ(၃) နာရီ အချိန်တွင် ဖမ်းဆီးရမိခဲ့ကြာင်း စစ်တွေမြို့မရဲစခန်းမှ သိရသည်။

“ဟုတ်ကဲ့ဖမ်းလို့ရတာမှန်ပါတယ် မသင်္ကာလို့သွားရောက်စစ်ဆေးရာကနေ တွေ့ရှိတာပါ၊တရားခံနဲ့အတူဖမ်းရတာပါ တရားခံကရှောင်နေလို့လိုက်လံရှာဖွေတာမှာအိမ်နောက်ဖက်မှာတွေ့ပါတယ်။ တရားခံရဲ့အိမ်အောက်ကမြေတွေပွနေလို့ တူးဖော်ကြည့်တာက စိတ်ကြွဆေးတွေ
ဖမ်းဆီး ရရှိတာပါ” ဟုစစ်တွေမြို့မရဲစခန်းမှ တာဝန်ရှိသူတစ်ဦးထံမှသိရသည်။

ဖမ်းဆီးရမိသော မူးယစ်ဆေးဝါးမျာမှာ မြေကျင်းအတွင်း၌ အဖြူရောင်ဆာလာအိတ်​အတွင်း အပြာရောင်ကပ်ခွာအိပ်ဖြင့် ထုပ်ပိုးလျှက်တွေ့ရှိရကြောင်း၊ ပန်းရောင်စိတ်ကြွရူးသွပ်ဆေးပြားအထုပ်ပေါင်း(၁၅၀)ထုပ်၊ ဆေးပြားပေါင်း (၂၈၉၁၂)ပြား၊ အလေးချိန်(၂၈၉၁. ၂)ဂရမ်၊ WY စာတန်းပါပန်းရောင်စိတ်ကြွရူးသွပ်ဆေးပြား အပိုင်းအကြေ(၃၄. ၁၈) ဂရမ်၊ စုစုပေါင်းအလေးချိန်(၂၉၂၅. ၃၈)ဂရမ်ဖြစ်ပြီး စုစုပေါင်းတန်ဖိုး​ငွေကျပ်​ (၆၈၇၃၆၀၀၀)ဖြစ်ကြောင်းအမှတ် (၁) ရဲစခန်းမှသိရသည်။

မူးယစ်ဆေးဝါးများ လက်ဝယ်ထား ရှိဖြန့်ဖြူးနေသော တရားခံဒေါ်မခင်လှ(ခ) ဖာတေမာခါတူ အားအရေးယူဆောင်ရွက်နိုင်ရန် စစ်တွေမြို့မ ရဲစခန်းတွင် အမှုဖွင့်ဆောင်ရွက်လျှက်ရှိကြောင်းသိရသည်။

ဆောင်းဇာခြည်
Rakhine Gazette
https://www.facebook.com/RakhineGazetteJournal
စစ်တွေမြို့နယ် ခေါင်းဒုက္ကာကျေးရွာအုပ်စုတွင် ကျပ် သိန်း(၇၀၀)နီးပါးတန်ဖိုးရှိ WY ဆေးပြားများ ဖမ်းဆီးရမိ စစ်တွေမြို့နယ် ခေါင်းဒုက္ကာကျေးရွာအုပ်စုတွင် ကျပ် သိန်း(၇၀၀)နီးပါးတန်ဖိုးရှိ WY ဆေးပြားများ ဖမ်းဆီးရမိ Reviewed by THITHTOOLWIN on 15:56 Rating: 5
Powered by Blogger.