ထောက်​ပို့တပ်​သားနှစ်​ဦး ​မောင်းနှင်​လာ​သော စစ်​စိမ်း​ရောင်​ကား​ပေါ်မှ WYဆေးပြား ငွေကျပ်တန်ဖိုး သိန်း (၃၇၆၃၅) တန်ဖိုး ဖမ်းဆီးရမိ


ရခိုင်ဂေဇက်၊ အောက်တိုဘာ ၂

ရခိုင်ပြည်နယ် ၊ မောင်တောမြို့အဝင် တံတားဂိတ်တွင် အောက်တိုဘာလ ၁ရက် မွန်းလွဲ ၁၂နာရီကျော် အချိန်၌ ​ထောက်​ပို့တပ်​သားနှစ်​ဦးမောင်းနှင်​လာ​သောစစ်စိမ်းရောင် တိုယိုတာ ဟိုင်းလတ်ယာဉ်တွင်​တင်​​ဆောင်​လာ​သောWY နှင့် R စာတန်းပါ ပန်းရောင်ဆေးပြား စုစုပေါင်း (၁၈၈၁၇၅၀)ပြား ၊ ကာလ ငွေကျပ်တန်ဖိုး သိန်း (၃၇၆၃၅) ကို ပူးပေါင်းအဖွဲ့များမှ ဖမ်းဆီး ရမိခဲ့ကြောင်းမောင်တော မြို့နယ်​အဆင့်​ တာဝန်ရှိသူ တစ်ဦးထံမှသိရ သည်။

"မူးယစ်ဆေးဝါး ဖမ်းမိတာဟုတ်ပါတယ်၊ မနေ့က ၁၂နာရီကျော်လောက်မှာ မောင်တောမြို့အဝင် မှာ တံတားဂိတ် မှာဖမ်းမိတာပါ။ တရားခံတွေကတော့ ဘူးသီးတောင်မြို့ အမှတ်(၈၂၈) ထောက်/ပို့တပ်မှ တပ်သား နှစ်ဦးဖြစ်ပါတယ် ၊ သူတို့တွေကိုလည်း ဥပဒေနဲ့ အညီ ဆောင်ရွက် ထားပြီး ဖြစ်ပါတယ်” မောင်တောမြို့နယ်ရှိ မြို့နယ်​အရာရှိ တစ်​ဦးမှ ရခိုင်ဂေဇက် သို့ ပြောဆိုသည်။

ဖြစ်စဉ်မှာ မူးယစ်တပ်ဖွဲ့စု (၄၆)မှတပ်ဖွဲ့ဝင်များ မောင်တောမြို့မရဲစခန်းမှ မောင်တောခရိုင် တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့က မူးယစ်ဆေးဝါး သတင်းများ အရ မောင်တောမြို့ဝင် တံတား ဂိတ်၌ စောင့်နေစဉ် ဘူးသီးတောင်မြို့ဘက်မှမောင်တောမြို့ဘက်သို့ အရပ်သားဝတ်စုံဖြင့် ဘူးသီးတောင်မြို့ အမှတ်( ၈၂၈)ထောက်/ပို့တပ်မှ တပ်သားနှစ်ဦး မောင်းနှင်လာသော စစ်စိမ်းရောင် တိုယိုတာ ဟိုင်းလတ်ယာဉ် သည် စစ်ဆေးရေး ဂိတ်အလွန်၌ ကားရေဆူပြီး ရပ်တန့်သွားခဲ့ရာမှ ကားရှေ့ အဖုံးဖွင့်၍ ပြင်ဆင်နေစဉ် ပူးပေါင်းအဖွဲ့မှ သွားရောက်ကြည့်ရှုခဲ့ရာ မှယခုကဲ့သို့ကားနောက်ခန်းတွင် အဝါ ၊အဖြူရောင်ရောထားသော ဆာလာအိတ် (၁၁) အိတ်အတွင်း၌ WYနှင့် Rစာတန်းပါ ပန်းရောင်ဆေးပြား များကို ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်ကြောင်းသိရသည်။

မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရမိသူ (၈၂၈) ထောက်/ပို့ တပ်မှ တပ်သားနှစ်ဦးအား အရေးယူ နိုင်ရန် မောင်တောမြို့မ ရဲစခန်းတွင် အမှုဖွင့် ဆောင်ရွက်ထားကြောင်း သိရသည်။

လင်းလက်ခန့် (လခြမ်းမြေ)
Rakhine Gazette
https://www.facebook.com/RakhineGazetteJournal/
ထောက်​ပို့တပ်​သားနှစ်​ဦး ​မောင်းနှင်​လာ​သော စစ်​စိမ်း​ရောင်​ကား​ပေါ်မှ WYဆေးပြား ငွေကျပ်တန်ဖိုး သိန်း (၃၇၆၃၅) တန်ဖိုး ဖမ်းဆီးရမိ ​ထောက်​ပို့တပ်​သားနှစ်​ဦး ​မောင်းနှင်​လာ​သော စစ်​စိမ်း​ရောင်​ကား​ပေါ်မှ WYဆေးပြား ငွေကျပ်တန်ဖိုး သိန်း (၃၇၆၃၅) တန်ဖိုး ဖမ်းဆီးရမိ Reviewed by THITHTOOLWIN on 16:30 Rating: 5
Powered by Blogger.