UWSA တပ်မဟာ ၄၆၈ တပ်မှူး၏ သားကြီး ပစ်သတ်ခံရ


UWSA တပ်မဟာ ၄၆၈ တပ်မဟာမှူး၏သားကြီး တဦးက ဒေသခံ များ နှင့် ခိုက်ရန် စကားများကာ တနင်္လာနေ့က ပစ်သတ်ခံလိုက်ရသည် ဟု သိရသည်။

အောက်တိုဘာလ ၁ ရက်နေ့ နံနက် ၈ နာရီ ထိုးခါနီးအချိန် ၀ ပြည်သွေးစည်းညီညွှတ်ရေးတပ်မတော် UWSA တပ်မဟာ ၄၆၈ တပ်မဟာမှူး ဦးပေါက်အိုက်ပန်း ၏သားကြီး မိုင်းလားမြို့ ဟော်တယ် တခု တွင် တည်းခို စဉ် ပစ်သတ်ခံလိုက်ရသည်ဟု သိရသည်။

“သူမအိပ်ဘူး ၊ တညလုံး ၊ ရမ်းကား ပြီး တွေ့တဲ့သူတိုင်းကို ဆူတယ် ဆဲတယ်။ နံနက်ပိုင်း အထိဘဲ။ လုံခြုံရေးကို ခေါ်ရတယ်။ လုံခြုံရေး က နေ ဝင်တားတယ်။ သူက သေနတ်နဲ့ထုတ်ပြီး ပစ်ဖို့ လုပ်တော့ လုံခြုံရေးတပ်ကနေ အရင်ပစ်လိုက်တာ” – ဟု ဟိုတယ် ဝန်ထမ်း တဦးက ပြောသည်။

အဆိုပါ သေဆုံးသူသည် ဖခင်ဖြစ်သူ တပ်မဟာ ၄၆၈ တပ်မဟာမှူး ပေါက်အိုက်ပန်း ၏ အာဏာ ကိုအလွဲသုံးစားပြုကာ သွားလာကြောင်း၊ သေနတ်ဖြင့် ငွေ နှင့် အာဏာအသုံးပြုကာ သူအများ နှင့် ဆက်ဆံ ကြောင်း၊ အဆိုပါ ပစ်သတ်ခံရမှုသည် မူးယစ်ဆေးဝါး သုံးဆွဲမှုလဲ ပါဝင်ကြောင်း၊ ၎င်းအား သိကျွမ်းသည့် ဝ အရာရှိငယ်တဦးဖြစ်သည့် ဆိုင်းနပ် က ပြောသည်။

တပ်မဟာ ၄၆၈ တပ်မဟာမှူး ပေါက်အိုက်ပန်း သည် ၀ ခေါင်းဆောင် ပေါက်ယူချမ်း ၏ တူ ဖြစ်ကြောင်း၊ လီအိုက်ဆု တပ်မဟာ မှူး အားဖြုတ်ချပြီး ၎င်းက တပ်မဟာမှူးတာဝန် ဝင်ရောက်ထမ်းဆောင် လာခြင်း ဖြစ်ကြောင်း၊၂၀၁၆ ခု စက်တင်ဘာ ၂၈ ရက်နေ့ မိုင်းလားတပ်ဖွဲ့၏ တပ်စခန်း ၅ ခုအား ဝင်ရောက် သိမ်းပိုက်စဉ်ကလည်း ၎င်းမှ ဦးဆောင်ကြောင်း၊ လက်ရှိ မိုင်းလားနယ်မြေ အတွင်း ရှိသည့် ၀ တပ်ဖွဲ့အားလုံးအားလည်း ၎င်းက ကွပ်ကဲသည်ဟုသိရသည်။

သျှမ်းသံတော်ဆင့်
http://burmese.panglong.org
UWSA တပ်မဟာ ၄၆၈ တပ်မှူး၏ သားကြီး ပစ်သတ်ခံရ UWSA တပ်မဟာ ၄၆၈ တပ်မှူး၏ သားကြီး ပစ်သတ်ခံရ Reviewed by THITHTOOLWIN on 21:25 Rating: 5
Powered by Blogger.