အမေရိကန် ရေငုပ်သင်္ဘော U.S.S ဝါရှင်တန် တာဝန်စတင်ထမ်းဆောင်

အမေရိကန်ရေတပ်မှ ရေငုပ်သင်္ဘော U.S.S ဝါရှင်တန် အားတွေ့ ရစဉ်(ဆင်ဟွာ) North America
ဝါရှင်တန် ၊ အောက်တိုဘာ ၈ ရက်(ဆင်ဟွာ)

    အမေရိကန်ရေတပ်မှ ၁၄ စင်းမြောက် Virginia-class အမျိုးအစား တိုက်ခိုက်ရေးရေငုပ်သင်္ဘော ယူအက်စ်အက်စ်ဝါရှင်တန်( U.S.S ) ကို အောက်တိုဘာလ ၇ ရက်တွင် ဗာဂျီးနီးယားပြည်နယ်ရှိ ရေတပ်စခန်း၌ စတင်ရေချခဲ့ကြောင်း သိရသည်။

“ ယူအက်စ်အက်စ်ဝါရှင် ဟာ ကမ္ဘာ့ နောက်ဆုံးပေါ် နည်းပညာတွေနဲ့ တီထွင် ထုတ်လုပ်ထားတဲ့ ရေငုပ်သင်္ဘောတစ်စင်းပါ” ဟု အမေရိကန်ရေတပ်မှ အကြီးအကဲတစ်ဦးဖြစ်သူ Thomas Dee ကပြောကြားခဲ့သည်။

အဆိုပါ ရေငုပ်သင်္ဘောသစ်ကို ၂ဝ၁၁ခုနှစ်က စတင်တည်ဆောက်ခဲ့ပြီး ၄ စင်းမြောက် Virginia Block III အမျိုးအစား ရေငုပ်သင်္ဘောတစ်စင်းဖြစ်သည်။ Virginia-Class ရေငုပ်သင်္ဘောအမျိုးအစားသည် လက်ရှိတွင် အမေရိကန်ရေတပ်၌ အကောင်းဆုံး တိုက်ခိုက်ရေးရေငုပ်သင်္ဘောများအဖြစ် တာဝန်ထမ်းဆောင်လျက်ရှိပြီး ၄င်းတို့ ၏ လုပ်ဆောင်ချက်များထဲတွင် စစ်ရေးသတင်းရယူခြင်း ၊  လေ့လာစောင့်ကြည့်ခြင်း ၊ ထောက်လှမ်းခြင်းနှင့် စစ်ဆင်ရေးများတွင် အားပေးကူညီခြင်း စသည့် လုပ်ငန်းတာဝန်များအပါအဝင်  ရေငုပ်သင်္ဘောဖျက်ဆီးခြင်း ၊ သင်္ဘောဖျက်ဆီးခြင်း များကိုပါ လုပ်ဆောင်ပေးကြောင်း အမေရိကန်ရေတပ်ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

Virginia-class ရေငုပ်သင်္ဘောများကို ၂ဝ၇ဝ ပြည့်နှစ်အထိ အသုံးပြုသွားရန် မျှော်လင့်ထားကြောင်း ၊ ၄င်းတို့ ၏ ဆက်သွယ်ရေးစနစ် နှင့် အီလက်ထရောနစ်စနစ် အများစုကိုလည်း မဟာဗျူဟာမြောက် Columbia Class ရေငုပ်သင်္ဘောများတွင် တပ်ဆင်အသုံးပြုသွားရန် ရည်မှန်းထားကြောင်း သိရသည်။
(Xinhua)
http://www.xinhuamyanmar.com

အမေရိကန် ရေငုပ်သင်္ဘော U.S.S ဝါရှင်တန် တာဝန်စတင်ထမ်းဆောင် အမေရိကန် ရေငုပ်သင်္ဘော U.S.S ဝါရှင်တန် တာဝန်စတင်ထမ်းဆောင် Reviewed by THITHTOOLWIN on 18:37 Rating: 5
Powered by Blogger.