လားရှိုးမြို့နယ်အတွင်း TNLA နှင့် တိုက်ပွဲဖြစ်ပွား၊ လက်နက်ခဲယမ်းများနှင့် မူးယစ်ဆေးဝါးများ သိမ်းဆည်းရမိ


နေပြည်တော်၊ အောက်တိုဘာ ၁၀

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့နယ်အတွင်း တပ်မတော်စစ်ကြောင်းက နယ်မြေလုံခြုံရေးဆောင်ရွက်စဉ် အောက်တိုဘာ ၁ ရက် မွန်းလွဲပိုင်းတွင် လယ်ဖွေးကျေးရွာအနီး TNLA အကြမ်းဖက်သောင်းကျန်းသူများက စတင်ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး အကြမ်းဖက်သောင်းကျန်းသူများသည် မြောက်ဘက်သို့ ဆုတ်ခွာထွက်ပြေးသွားခဲ့သည်။

TNLA အကြမ်းဖက်သောင်းကျန်းသူများ ဆုတ်ခွာထွက်ပြေးသွားသည့် လယ်ဖွေးကျေးရွာနှင့် ပန်ဖကျေးရွာအနီး ပတ်ဝန်းကျင်တစ်ဝိုက် တပ်မတော်စစ်ကြောင်းက နယ်မြေရှင်းလင်းခြင်း လုပ်ငန်းများဆောင်ရွက်စဉ် အောက်တိုဘာ ၁ ရက်မှ အောက်တိုဘာ ၉ ရက်အထိ လက်နက်ငယ်မျိုးစုံ ခြောက်လက်၊ ကျည်မျိုးစုံ ၆၂၇၄ တောင့်၊ ကျည် အိမ်မျိုးစုံ ၁၀ ခု၊ လက်ပစ်ဗုံးတစ်လုံး၊ ယမ်း ၁၆၀ တုံး၊ မှန်ပြောင်းတစ်လက်၊ အိုင် ကွန်နှစ်လုံး၊ အီကွေ့မန့် (Equipment) တစ်စုံ၊ ယမ်းမှုန့် ၄၀ ကျပ်သား၊ ယမ်းကြိုး ၁၁၁ ကိုက်၊ ဖိုက်ဘာပီပါအခွံ ကိုးလုံးနှင့် အက်စစ်ပါ တစ်လုံး၊ ဆာလဖျူရစ်အက်စစ် ၅ ဂါလန်ဆံ့ပုံး တစ်ပုံး၊ အိုင်အိုဒင်းဆား ၂၆ အိတ်၊ ဘိန်းမည်း ၁၃၂၂၂၅ ဂရမ်ခန့်၊ ဘိန်းဖြူ ၂၁၃၂ ဂရမ်ခန့်၊ ဘိန်းဖြူဘလောက် တုံး ၅၈၇ တုံးနှင့် စိတ်ကြွရူးသွပ်ဆေးပြား ၉၃၀၀၀၀ ပြား၊ (စုစုပေါင်းမူးယစ်ဆေးဝါး ခန့်မှန်းတန်ဖိုးငွေကျပ် သိန်းပေါင်း ၆၃၀၀၀ ကျော်)တို့ကို တွေ့ရှိသိမ်းဆည်းရမိခဲ့သည်။

အဆိုပါနေရာတစ်ဝိုက်အား တပ်မတော်စစ်ကြောင်းက နယ်မြေရှင်းလင်းရေးလုပ်ငန်းများ ဆက်လက် ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး
https://www.facebook.com/Cincds/
လားရှိုးမြို့နယ်အတွင်း TNLA နှင့် တိုက်ပွဲဖြစ်ပွား၊ လက်နက်ခဲယမ်းများနှင့် မူးယစ်ဆေးဝါးများ သိမ်းဆည်းရမိ လားရှိုးမြို့နယ်အတွင်း TNLA နှင့် တိုက်ပွဲဖြစ်ပွား၊ လက်နက်ခဲယမ်းများနှင့် မူးယစ်ဆေးဝါးများ သိမ်းဆည်းရမိ Reviewed by THITHTOOLWIN on 07:19 Rating: 5
Powered by Blogger.