နမ္မတူမြို့နယ်အတွင်း TNLA တပ် နှင့် အစိုးရတပ်ကြား တိုက်ပွဲများပြန်ဖြစ်လာ


အောက်တိုဘာလ ၃ ရက် ၂၀၁၇

သျှမ်းပြည်မြောက်ပိုင်း နမ္မတူမြို့နယ်အတွင်း အစိုးရတပ်မတော်နှင့် တအာင်းတပ်တို့ တိုက်ပွဲများ စက်တင်ဘာလ ကုန်ပိုင်းနှင့် အောက်တိုဘာလဆန်းပိုင်း အတွင်း တိုက်ပွဲများပြန်လည်ဖြစ်ပွားဖြစ်ပွါးရာ ယနေ့အထိ စစ်ရေးပြန်လည်တင်းနေသည်ဟုဆိုသည်။

အောက်တိုဘာလ ၁ ရက်နေ့က အင်အား ၂၀၀ ခန့်ရှိ အစိုးရတပ်မတော်၏ လှုပ်ရှားစစ်ကြောင်း တကြောင်းက နမ္မတူမြို့နယ် မန့်ဆာလုံအုပ်စု ၀မ့်လောက်လုံအနီး ပြောင်းဖူးခင်းတွင်လှုပ်ရှားနေသော တအာင်းတပ်ဖွဲ့နှင့် ထိပ်တိုက်တွေ့ကာ ပစ်ခတ်မှုဖြစ်ပွါးခဲ့သည်။

နမ္မတူမြို့နယ် ပြည်နယ်လွှတ်တော်အမှတ် ၂ ကိုယ်စားလှယ် နန်းစံဟွမ်က - ဘယ်လောက်ထိခိုက် ဒဏ်ရာရ သလဲဆိုတာတော့ကျမတို့မသိနိုင်ဘူး။ ဒါပေမယ့် တအာင်းတပ်ကတော့ လောက်လုံရွာသား တွေရဲ့ ပြောင်းခြံဘက်မှာလှုပ်ရှားနေတယ်။ ရွာသားတွေ ခြံမသွားရဲဘူး၊ လယ်ယာခြံမြေသွားလုပ်ဖို့ မ၀ံ့မရဲဖြစ်နေတယ်လို့ပြောနေသံကြားတယ်။ မြေမြုပ်မှိုင်းတွေဘာတွေရှိမှာစိုးလို့။ - ဟု သျှမ်းသံတော်ဆင့် သို့ပြောပြသည်။

နမ္မတူမြို့ဒေသခံ နန်းရွှေ က တိုက်ပွဲဖြစ်တဲ့ရွာက လားရှိုးဘက်နီးတယ်။ လားရှိုးအနီးအနားကို ဘဲ ခိုလုံကြတယ်ထင်တယ်။ နမ္မတူမြို့ပေါ်လာတာမရှိဘူး။ အစိုးရတပ်က လေယာဉ်လာဝဲနေတာတော့ ရှိနေတယ်။ ဆိုတော့ရွာသားတွေကြောက်လှန့်ကြတာပေါ့ ၊ သီတင်းကျွတ်ကာလ မှာ ခြံထွက်ပစ္စည်း ဆင်းယူရောင်းဖို့ လဲ မရတော့ အလှူအဒါန်းပြုချိန် ရွာသူရွာသားတွေ အခက်အခဲဖြစ်တာပေါ့ - ဟု ပြောသည်။

စက်တင်ဘာလအတွင်း အစိုးရတပ်မတော် နှင့် တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် TNLA အကြား တိုက်ပွဲများ ၁၂ ကြိမ်ဖြစ် ပွားကြောင်း TNLA ပြန်ကြားရေးဌာနက ထုတ်ပြန်ထားသည်။ TNLA သည် တနိုင်ငံလုံးအပစ်ခတ်ရပ်စဲရေးစာချုပ် NCA လက်မှတ်ရေးထိုးပြီး ငြိမ်းချမ်းရေးတည်ဆောက် သည့် နည်းလမ်း အလုပ်မဖြစ်ဟု ဆိုသည့် ၀ ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် UWSA ဦးဆောင်သည့် မြောက်ပိုင်းမဟာမိတ် ၇ ဖွဲ့ တွင် ပါဝင်သည်။

သျှမ်းသံတော်ဆင့်
https://www.facebook.com/Panglong.burmese/
နမ္မတူမြို့နယ်အတွင်း TNLA တပ် နှင့် အစိုးရတပ်ကြား တိုက်ပွဲများပြန်ဖြစ်လာ နမ္မတူမြို့နယ်အတွင်း TNLA တပ် နှင့် အစိုးရတပ်ကြား တိုက်ပွဲများပြန်ဖြစ်လာ Reviewed by THITHTOOLWIN on 06:27 Rating: 5
Powered by Blogger.