ဧရာဝတီတိုင်းဒေသကြီး မအူပင်ခရိုင် ၊ ညောင်တုန်းမြို့နယ် ၊ မဲဇလီစစ်ဆေးရေးဂိတ်အလွန် ၊ အရွှဲကျေးရွာအုပ်စု ၊ အမြောင်းကျေးရွာ ၊ ပုသိမ်-ရန်ကုန်ကားလမ်းပေါ်၌ ယနေ့ ၂၃-၁၀-၂၀၁၇ နံနက် ၁၁.၃၀အချိန်ခန့် က ပုသိမ်-ရန်ကုန် ပြေးဆွဲသည့် "မြင့်"ခရီးသည်တင်မှန်လုံယာဉ် နှင့် Super Force ဆိုင်ကယ်တို့ တိုက်မိမှု ဖြစ်ပွားပြီး ဆိုင်ကယ်ပေါ် တစ်ဦးတည်း လိုက်ပါ မောင်းနှင်လာသည့် မအူပင်မြို့နယ် မလတ်တိုကျေးရွာသား လူငယ်တစ်ဦး အသက်ဆုံးရှုံး ခဲ့ရပါသည်။
မအူပင်မြို့နယ် ၊ မလတ်တိုကျေးရွာအုပ်စု ၊ မလတ်တိုကျေးရွာ အထက်တန်းကျောင်းအနီးနေ ငါးကန်လုပ်ငန်းရှင် အဖ ဦးတင်ငြိမ်း၏ သားအကြီး နှင့် သမီးအငယ်တို့ နှစ်ဦးအနက် လွန်ခဲ့သည့် နှစ်က ၁၀ တန်း အောင်မြင်ခဲ့သော သားဖြစ်သူ မောင် လွင်ကိုကိုအောင် အသက် (၁၈)နှစ်ခန့်သည် အခင်းဖြစ်ရာနေရာတွင် ဦးခေါင်းထိခိုက် မျက်နှာချိုင့်ဝင် ဒဏ်ရာတို့ဖြင့် သေဆုံးသွားရကြောင်း စိတ်မကောင်းစရာ ကနဦးသတင်းအရ သိရှိရပါသည် ။
Kaung Myat (fb)
" မြင့်" မှန်လုံယာဉ် နှင့် Super Force ဆိုင်ကယ်တို့ တိုက်မိ လူငယ်တစ်ဦး အသက်ဆုံးရှုံး
Reviewed by THITHTOOLWIN
on
16:35
Rating:
