မီးလောင်မှုကြောင့် ရန်ကုန် ကန်တော်ကြီး Palace Hotel ၇၀ % ပျက်စီး

ရန်ကုန် ကန်တော်ကြီး Palace Hotel မီး (Photo by Htet Aung Khant/VOA-Burmese, Oct 18, 2017)
ရန်ကုန်မြို့၊ ကန်တော်ကြီး Palace ဟိုတယ်လ် ကြာသပတေးနေ့ မနက် သုံးနာရီခွဲလောက်က စတင်မီးလောင်သွားခဲ့ပြီး မနက် ၆ နာရီခွဲလောက်မှာ မီးကိုထိန်းသိမ်းနိုင်လိုက်ပြီဖြစ်ပါတယ်။ ဟိုတယ်ရဲ့ ငါးလွှာက စတင်လောင်ကျွမ်းတယ်လို့ မြေပြင်အခြေအနေအရ သိရကြောင်း ရန်ကုန်အခြေစိုက် ဗွီအိုအေသတင်းထောက်က ပြောပါတယ်။


 ဟိုတယ်လ်တခုလုံး ၇၀ % လောင်ကျွမ်းသွားခဲ့ပြီး မီးသတ်သမားတချို့နဲ့ ဟိုတယ်လ်က ဧည့်သည်တချို့လည်း ဒဏ်ရာရရှိသွားပေမယ့် အသေအပျောက်မရှိဘူးလို့ ဆိုပါတယ်။ ဒီမီးကို လောင်ကျွမ်းမှုအဆင့် (၄) လို့ သတ်မှတ်ထားကြောင်း မီးသတ်ဦးစီးဌာနကို ကိုးကားပြီး ပြောပါတယ်။

မီးလောင်ကျွမ်းစဉ်အတွင်း ရန်ကုန်တိုင်းအတွင်းက မီးသတ်ကားအများအပြား လာရောက်ဝိုင်းဝန်း ငြိမ်းသတ်ခဲ့တယ်လို့ သိရပါတယ်။

ဗွီအိုအေ (မြန်မာဌာန)
https://burmese.voanews.com

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

အချိန်နဲ့ တပြေးညီ သတင်းများ ဖတ်ရှုနိုင်ဖို့  facebook "like" ကို နှိပ်ပါ။ thithtoolwin9@gmail.com ကို လည်း သတင်းများ ဆက်သွယ်ပေးပို့ နိုင်ပါသည်။
နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Advertisement

 

အသစ် တင်သမျှ သတင်းများ အလို အလျှောက်ပို့  ပေးပါမည်

ကျန်းမာရေးနှင့် ဖျော်ဖြေရေး

တစ်ပတ်အတွင်း စိတ်ဝင်စားဖွယ်ရာ သတင်းများ

သတင်းစာနှင့် ဂျာနယ်များ