![]() |
ရှာဖွေရေး မအောင်မြင်မှုဟာ နည်းပညာ အရကို လက်သင့် ခံဖို့ရာ ခက်လှတယ် |
လေယာဉ်ကို ဘယ်လိုမှ ပြန် မတွေ့နိုင်ခဲ့တဲ့ အချက်ဟာ အင်မတန် အံ့ဩစရာကောင်းလှတယ်လို့ အစီရင်ခံစာထဲ ဆိုထားပါတယ်။
လေယာဉ်ပျောက်ပြီး ရက်ပေါင်း တစ်ထောင်နဲ့ လေးဆယ့်ခြောက်ရက် အကြာ အခုနှစ် ဇန်နဝါရီလကမှ နိုင်ငံတကာ လုပ်ဆောင် နေတဲ့ ရှာဖွေမှုတွေ လက်လျှော့ခဲ့တာ ဖြစ်ပါတယ်။
MH370 လေယာဉ်ဟာ ကွာလာလမ်ပူ-ဘေဂျင်း ခရီးစဉ် ပျံသန်းစဉ် ပျောက်ဆုံးခဲ့တာ ဖြစ်ပြီး၊ လေယာဉ်ပေါ် စုစုပေါင်း လူ ၂၃၉ ယောက် လိုက်ပါ သွားခဲ့ပါတယ်။
တရုတ်နိုင်ငံက ခရီးသည်တွေ အများအပြား လိုက်ပါ သွားကြတာ ဖြစ်လို့ လေယာဉ်ပျောက် ရှာဖွရာမှာ တရုတ် နိုင်ငံကလည်း အကြီးအကျယ် ပါဝင် လုပ်ဆောင်ခဲ့ပါတယ်။
နေ့စဉ် လူ ၁ဝ သန်း ဝန်းကျင် လေကြောင်း ခရီး သွားလာနေတဲ့ အခုလို ခေတ်ကြီးမှာ လေယာဉ်ပျောက် MH370 ကို ရှာဖွေရေး မအောင်မြင်မှုဟာ နည်းပညာ အရကို လက်သင့် ခံဖို့ရာ ခက်လှတယ် လို့လည်း အစီရင်ခံစာက ဆိုပါတယ်။
Image caption လူ ၂၃၉ ယောက် လိုက်ပါ သွားခဲ့
MH370 ရဲ့ အစိတ်အပိုင်းတွေလို့ ယူဆရတဲ့ အပျက်အစီး အစအနတွေ အိန္ဒိယ သမုဒ္ဒရာထဲက တချို့ ကျွန်းတွေပေါ်နဲ့ အာဖရိကတိုက် အရှေ့ဘက် ကမ်းရိုးတန်းကို ၂ဝ၁၅နဲ့ ၁၆ တို့မှာ လာပြီး တင်ခဲ့ပါတယ်။
အခုအခါမှာတော့ ဩစတြေးလျ အစိုးရ အနေနဲ့ အင်မတန် ယုံကြည် လောက်ဖွယ်ရာ သက်သေ အထောက်အထားတွေ ထွက်ပေါ် လာမှပဲ ရှာဖွေရေး ပြန်စမယ်လို့ ပြောဆိုထားပါတယ်။
မလေးရှား အနေနဲ့ကတော့ လေယာဉ်ပျောက်ကို ဆက်ရှာတာမျိုး မရှိတော့ပေမယ့် ပျောက်ဆုံးရခြင်းနဲ့ ဆက်စပ်နေတဲ့ အကြောင်းအရာတွေ အပေါ်မှာတော့ စုံစမ်းတာတွေ ဆက်လက် လုပ်ဆောင် နေကြပါတယ်။
BBC Burmese
http://www.bbc.com/burmese
MH370 အတွက် ဩစတြေးလျ စုံစမ်းရေး အဖွဲ့ရဲ့ နောက်ဆုံး အစီရင်ခံစာ
Reviewed by THITHTOOLWIN
on
21:11
Rating:
