Las Vegas ပစ်ခတ်မှု လူ ၅၀ထက်မနည်း သေဆုံး

Las Vegas Las Vegas မြို့ဂီတပွဲတော်ပစ်ခတ်မှု
အမေရိကန် ပြည်ထောင်စု နီဗားဒါး ပြည်နယ် Las Vegas မြို့ဂီတပွဲတော်တခုမှာ တနင်္ဂနွေနေ့နှောင်းပိုင်းမှာ အမျိုးသားတဦးက ပစ်ခတ်တာကြောင့် လူ ၅၀ ထက်မနည်းသေဆုံးပြီး ၂၀၀ ကျော် ဒဏ်ရာရရှိတဲ့ အကြောင်း ရဲက ပြောပါတယ်။ ဂီတပွဲ ကျင်းပရာနေရာနဲ့ လမ်းပဲခြားတဲ့ မန္တလေးဘေး ကာစီနိုရဲ့ ၃၂ ထပ်မှာ တိုက်ခိုက်သူက နေရာယူ တိုက်ခိုက်ခဲ့တာ ဖြစ်တယ်လို့ လာစ့်ဗေးဂတ်စ် မြို့တော်ရဲတပ်ဖွဲ့ အကြီးအကဲ Joseph Lombardo က သတင်းထောက်တွေကို ပြောပါတယ်။

ပစ်ခတ်ခံရတဲ့ ဂီတပွဲကွင်းပြင်မှာ ရိုက်ကူးထားတဲ့ ဗွီဒီယိုထဲမှာတော့ သေနတ်ပစ်ခတ်သံတွေ ဆက်တိုက်ထွက်လာနေတာမှာ ဂီတပွဲကြည့်ပရိတ်သတ် ခေါင်းငုံ့ပြီး အကာကွယ်ယူနေကြပုံတွေ၊ အော်ဟစ် ပြေးလွှားနေကြပုံတွေ တွေ့ရပါတယ်။ သေနတ်သမား ဘယ်သူ ဆိုတာကို ထုတ်ပြန်ဖို့ အာဏာပိုင်တွေ ဘက်က အဆင်သင့် မဖြစ်သေးပေမယ့် သေနတ်သမားကတော့ သေဆုံးသွားပြီလို့ မြို့တော်ရဲတပ်ဖွဲ့ အကြီးအကဲ Lombardo က ပြောပါတယ်။ သေနတ်သမားက တဦးတည်း တိုက်ခိုက်ခဲ့တာလို့လည်း အာဏာပိုင်တွေက ယူဆထားကြပါတယ်။

သတင်းအချက်အလက်တွေ ထပ်ရဖို့ အတွက် သေနတ်သမားရဲ့ အခန်းဖော် ဖြစ်တဲ့ အမျိုးသမီး တဦးကို အာဏာပိုင်တွေ ရှာဖွေနေကြပါတယ်။ ဒေသခံ ဖြစ်ပြီး တဦးတည်း လှုပ်ရှားခဲ့တယ်လို့ အာဏာပိုင်တွေ ယူဆကြတာ ဖြစ်ပြီး အခုအချိန်ထိတော့ ဘာရည်ရွယ်ချက်နဲ့ လုပ်သလဲ ဆိုတာ မသိရသေးဘူးလို့လည်း ရဲက ပြောပါတယ်။ ဂီတပွဲ ပစ်ခတ်မှု အတွင်း သေဆုံးသူတွေထဲမှာ တာဝန်ချိန် ပြင်ပ ရဲတပ်ဖွဲ့ဝင်တွေလည်း ပါဝင်ပါတယ်။ သေနက်သမားဟာ အသက် ၆၄နှစ်အရွယ် Stephen Paddock ဆိုသူဖြစ်ပြီး၊ သေနတ် သမားကို အသေရမိထားတယ်လို့ အာဏာပိုင်တွေက ကြေညာပါတယ်။ ဒီ တကိုယ်တော် သေနတ်သမား ဘယ်သူဘယ်ဝါဆိုတဲ့ အသေးစိတ်နောက်ကြောင်းကိုတော့ စုံစမ်းစစ်ဆေးဆဲရှိနေပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)
https://burmese.voanews.com
Las Vegas ပစ်ခတ်မှု လူ ၅၀ထက်မနည်း သေဆုံး Las Vegas ပစ်ခတ်မှု လူ ၅၀ထက်မနည်း သေဆုံး Reviewed by THITHTOOLWIN on 18:14 Rating: 5
Powered by Blogger.