ထားဝယ်-ထီးခီးကားလမ်း KNU( ဗိုလ်အဆင့်ရှိ )လားထော်ဂိတ်အနီး မော်တော်ယာဉ်တိမ်းမှောက်


ထားဝယ် အောက်တိုဘာ ၅

တနင်္သာရီတိုင်းဒေသကြီး၊ထားဝယ်ခရိုင်၊ထားဝယ်-ထီးခီးကားလမ်း တွင် အောက်တိုဘာ ၄ ရက်နေ့ နံနက် ၀၅း၃၀ နာရီ အချိန်ခန့် ၌ထားဝယ်-ထီးခီးကားလမ်း KNU( ဗိုလ်အဆင့်ရှိ )လားထော်ဂိတ်အနီး ၊ ယာဉ်အမှတ် 11 / 9084 Vego ခဲရောင် ကား မော်တော်ယာဉ်တိမ်းမှောက်ကြောင်းသိရှိရသည်။


ဖြစ်စဉ်တွင် ယာဉ်မောင်းအောင်ဇော်ထွေးမောင်းနှင်းသောယာဉ်အမှတ် 11 / 9084 Vego ခဲရောင် ကား ယာဉ် သည် ၀၅း၃၀ နာရီ အချိန်ခန့် ၌ထားဝယ်-ထီးခီးကားလမ်း KNU( ဗိုလ်အဆင့်ရှိ )လားထော်ဂိတ်အနီးအရောက်တွင် မိုးရွာသွန်းမှု လမ်းချော်ပြီး အရှိန်မထိန်းနိုင်ပဲလမ်း၏၀ဲဘက်တနင်္သာရီမြစ်ဘက်ခြမ်းသို့  ၂၅ ပေ ခန့် ထိုးကျတိမ်းမှောက် သွားရာ ယာဉ်ပေါ်ပါသူခရီးသည် (၁၁)ဦးအနက်မှ (၄)ဦးထိခိုက်ဒဏ်ရာများအသီးသီးရရှိကြောင်းသိရှိရသည်။

ယာဉ်အားမဆင်မခြင်မောင်းနှင်းသူယာဉ်မောင်းအောင်ဇော်ထွေး ( ၂၄ )နှစ် ၊ (ဘ)ဦးမျိုးအောင် ရေဖြူမြို့ နယ် ၊ ကံပေါက်ကျေးရွာ(မမိ) နေသူအား မေတ္တာနယ်မြေရဲစခန်း မှ (ပ) ၄ /၂၁၀၇ ၊ ရာဇသတ်ကြီးပုဒ်မ ၃၃၇/၃၃၈ ဖြင့်အမှုဖွင့်အရေးယူဆောင်ရွက် ထားကြောင်းသိရှိရပြီး တရားခံအောင်ဇော်ထွေးအား ဖမ်းဆီးရမိရေး ဆက်လက်စုံစမ်း ဆောင်ရွက်ထားရှိကြောင်း သတင်းရရှိသည်။

( ထားဝယ်ခရိုင်ပြန်/ဆက်ဦးစီးဌာန )
ထားဝယ်-ထီးခီးကားလမ်း KNU( ဗိုလ်အဆင့်ရှိ )လားထော်ဂိတ်အနီး မော်တော်ယာဉ်တိမ်းမှောက် ထားဝယ်-ထီးခီးကားလမ်း KNU( ဗိုလ်အဆင့်ရှိ )လားထော်ဂိတ်အနီး မော်တော်ယာဉ်တိမ်းမှောက် Reviewed by THITHTOOLWIN on 19:00 Rating: 5
Powered by Blogger.