KIA အကြမ်းဖက်သောင်းကျန်းသူအဖွဲ့က တပ်ဖွဲ့တွင် ပြန်လည်တာဝန်ထမ်းဆောင်ရန် ငြင်းဆန်ခဲ့သည့်တပ်ဖွဲ့ ၀င်ဟောင်းတစ်ဦးအား ပစ်ခတ်သတ်ဖြတ်


နေပြည်တော် အောက်တိုဘာ ၁

ကချင်ပြည်နယ်၊ အင်ဂျန်းယန်မြို့နယ်၊(၅)မိုင်ကျေးရွာ၌ စက်တင်ဘာ ၂၉ ရက်နံနက် ၆ နာရီခွဲခန့်က KIA အကြမ်းဖက်သောင်းကျန်းသူ ငါးဦးသည် အရပ်ဝတ်ဖြင့်ရောက်ရှိလာပြီး ကျေးရွာတွင်နေထိုင်သည့် ကိုဇော်မိုင် (ဘ)ဦးလမာလတောင်အား ကျေးရွာ၏မြောက်ဘက်သို့ခေါ်ဆောင်သွားခဲ့ရာနံနက် ၇ နာရီခွဲခန့်တွင် ၎င်းအား ခေါ်ဆောင်သွားရာဘက်မှ သေနတ်သံတစ်ချက်ကြားရသဖြင့် ဇနီးဖြစ်သူ မဂျာလုံ(ဘ)ဦးနော်ဆွမ်နှင့် ကျေးရွာ မှတာဝန်ရှိသူများက သွားရောက်ကြည့်ရှုရာ အဆိုပါကျေးရွာ၏မြောက်ဘက်မီတာ ၄၀၀ ခန့်တွင် ကိုဇော်မိုင်အား သေနတ်ဒဏ်ရာဖြင့် လဲကျနေသည်ကို တွေ့ရှိရသဖြင့်မြစ်ကြီးနားပြည်သူ့ဆေးရုံသို့ ပို့ဆောင်စဉ် ရရှိဒဏ်ရာဖြင့် လမ်းတွင်သေဆုံးသွားခဲ့သည်။

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ ဇနီးဖြစ်သူ မဂျာလုံ၏ပြောကြားချက်အရ ခင်ပွန်းဖြစ်သူကိုဇော်မိုင်သည် ယခင်က KIA အကြမ်းဖက်သောင်းကျန်းသူအဖွဲ့မှ အဖွဲ့ဝင်တစ်ဦးဖြစ်ပြီးလွန်ခဲ့သောသုံးနှစ်ခန့်တွင် ခွင့်ပြန်လာကာ ပြန်လည်သွားရောက်ခြင်းမရှိတော့ကြောင်း၊ KIA အကြမ်းဖက်သောင်းကျန်းသူအဖွဲ့ကပြန်လာရန် နှစ်ကြိမ် သုံးကြိမ်ဆက်သွယ်အကြောင်းကြားခဲ့သော်လည်း သွားရောက်ခြင်းမရှိသဖြင့် ယခုကဲ့သို့လာရောက်ခေါ်ဆောင် ၍ ပြန်လည်တာဝန်ထမ်းဆောင်ရန် ပြောကြားခဲ့ရာ လိုက်ပါလိုခြင်းမရှိကြောင်းငြင်းဆန်ခဲ့သဖြင့် သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်သွားခြင်းဖြစ်ကြောင်း သတင်းရရှိသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး
https://www.facebook.com/Cincds
KIA အကြမ်းဖက်သောင်းကျန်းသူအဖွဲ့က တပ်ဖွဲ့တွင် ပြန်လည်တာဝန်ထမ်းဆောင်ရန် ငြင်းဆန်ခဲ့သည့်တပ်ဖွဲ့ ၀င်ဟောင်းတစ်ဦးအား ပစ်ခတ်သတ်ဖြတ် KIA အကြမ်းဖက်သောင်းကျန်းသူအဖွဲ့က တပ်ဖွဲ့တွင် ပြန်လည်တာဝန်ထမ်းဆောင်ရန် ငြင်းဆန်ခဲ့သည့်တပ်ဖွဲ့ ၀င်ဟောင်းတစ်ဦးအား ပစ်ခတ်သတ်ဖြတ် Reviewed by THITHTOOLWIN on 09:01 Rating: 5
Powered by Blogger.