![]() |
စာရေးဆရာ Kazuo Ishiguro |
လူတွေရဲ့ အတွင်းစိတ်မှာ ကိန်းအောင်းနေတဲ့ ခံစားချက်တွေကို စာပေအဖြစ် ဖော်ထုတ်ရေးသားနိုင်တဲ့ အတွက် အခုလို ချီးမြှင့်ရခြင်း ဖြစ်တယ်လို့ နိုလ်ဘဲဆု ရွေးချယ်ရေး အသင်းကြီးက ကြေညာပါတယ်။
စာပေဆိုင်ရာ နိုဘဲလ်ဆုအတွက်တော့ ဒေါ်လာ ၁ သန်းနဲ့ ၁ သိန်း ဆုချီးမြှင့်မှာ ဖြစ်ပါတယ်။ စာပေဆိုင်ရာ နိုဘဲလ်ဆုကို ၁၉၀၁ ခုနှစ်က စတင်ပေးအပ်ခဲ့တာမှာ စာပေပညာရှင်ပေါင်း ၁၁၄ ဦး ကို ရွေးချယ်ပေးအပ်ခဲ့ပါတယ်။ ဒီထဲမှာ အမျိုးသမီး ၁၄ ဦး ပါဝင်ပါတယ်။၂၀၁၇ ခုနှစ် အတွက် ငြိမ်းချမ်းရေး နိုဘဲလ်ဆုကိုတော့ မနက်ဖြန် သောကြာနေ့မှာ ကြေညာဖို့ ရှိပြီး စီးပွားရေးဆိုင်ရာ နိုဘဲလ်ဆုကိုတော့ လာမယ့် တနလာင်္နေ့မှာ ကြေညာမှာ ဖြစ်ပါတယ်။
ဗွီအိုအေ (မြန်မာပိုင်း)
https://burmese.voanews.com
၂ဝ၁၇ စာပေ နိုဘဲလ်ဆု စာရေးဆရာ Kazuo Ishiguro ရရှိ
Reviewed by THITHTOOLWIN
on
20:11
Rating:
