အာဖဂန်တွင် တာလီဘန် နှင့် IS စစ်သွေးကြွတို့ တိုက်ပွဲဖြစ်ပွား၊ စစ်သွေးကြွ ၂၃ဦးသေဆုံး

IS စစ်သွေးကြွအဖွဲ့ဝင်များအားတွေ့ရစဉ် (ဓါတ်ပုံ-အင်တာနက်)
   အာဖဂန်နစ္စတန်၊ အောက်တိုဘာ ၂၅ ရက် (ဆင်ဟွာ)

    အာဖဂန်နစ္စတန်နိုင်ငံ မြောက်ပိုင်း Jawzjan ပြည်နယ် Qush Tepa ခရိုင် တွင် တာလီဘန် နှင့် IS စစ်သွေးကြွအဖွဲ့များ အကြား တိုက်ပွဲများ ဆက်လက်ဖြစ်ပွားလျက်ရှိရာ အနည်းဆုံး နှစ်ဘက်စစ်သွေးကြွ ၂၃ဦးအထိသေဆုံးခဲ့ကြောင်း Qush Tepa ခရိုင် အုပ်ချုပ်ရေးမှူး Aminullah က အောက်တိုဘာ ၂၄ ရက်တွင်ပြောကြားခဲ့သည်။

တာလီဘန်စစ်သွေးကြွများသည် ခရိုင်အတွင်းရှိ ရွာများစွာတွင် IS စစ်သွေးကြွများအား တစ်အိမ်တက်တစ်အိမ်ဆင်း လိုက်လံရှာဖွေပြီးနောက် အောက်တိုဘာ ၂၃ရက် ညနေပိုင်းတွင် တိုက်ပွဲများ စတင်ဖြစ်ပေါ်လာခဲ့ပြီး အပြန်အလှန်ပစ်ခတ်မှုများ ဆက်လက်ဖြစ်ပွားလျက်ရှိကြောင်း သိရသည်။

Aminullah က စစ်သွေးကြွ၁၃ဦးသည် IS အကြမ်းဖက်အုပ်စုထံ သစ္စာခံသွားပြီး တာလီဘန်စစ်သွေးကြွ ၁၀ဦးအသတ်ခံရကာ အခြားသူ အများအပြား ဒဏ်ရာရရှိခဲ့ကြောင်း ပြောကြားခဲ့သည်။

ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ တာလီဘက် နှင့် IS တို့ဘက်မှ မှတ်ချက်တစ်စုံတစ်ရာပေးခြင်းမရှိကြောင်း သိရသည်။

လွန်ခဲ့သည့် ၆လတာကာလအတွင်း Jawzjan ပြည်နယ်ရှိ နေရာဒေသအများအပြားတွင် တာလီဘန် နှင့် IS စစ်သွေးကြွတို့ တိုက်ပွဲများဖြစ်ပွားခဲ့ကြောင်း သိရသည်။

(Xinhua)
http://www.xinhuamyanmar.com
အာဖဂန်တွင် တာလီဘန် နှင့် IS စစ်သွေးကြွတို့ တိုက်ပွဲဖြစ်ပွား၊ စစ်သွေးကြွ ၂၃ဦးသေဆုံး အာဖဂန်တွင် တာလီဘန် နှင့် IS စစ်သွေးကြွတို့ တိုက်ပွဲဖြစ်ပွား၊ စစ်သွေးကြွ ၂၃ဦးသေဆုံး Reviewed by THITHTOOLWIN on 15:34 Rating: 5
Powered by Blogger.