အီရတ်တွင် ရာပေါင်းများစွာသော IS စစ်သွေးကြွများ လက်နက်ချအဖမ်းခံ


ဘဂ္ဂဒက် အောက်တိုဘာ ၁၂

အီရတ်တွင် ရာပေါင်းများစွာသော အစ္စလာမ္မစ်စစ်သွေးကြွ (IS) များသည် ကာ့ဒ်လူမျိုးအာဏာပိုင်များထံသို့ လက်နက်ချအဖမ်းခံခဲ့ ကြောင်း သိရသည်။ အီရတ်မြောက်ပိုင်းရှိ ဂျီဟတ်စစ်ဆင်နွှဲနေသည့် အုပ်စုသည် ၄င်းတို့၏နောက်ဆုံး ခြေကုပ်ဌာနမှ တိုက်ခိုက်မောင်း ထုတ်ခြင်းခံရပြီးနောက် ယခုကဲ့သို့ IS အကြမ်းဖက်သမားဟု ယူဆရ သူများသည် လက်နက်ချအဖမ်းခံခဲ့ခြင်းဖြစ်ကြောင်း ကာ့ဒ်လုံခြုံရေး အာဏာပိုင်များ၏ပြောကြားချက်အရသိရသည်။

အဆိုပါISအကြမ်းဖက် သမားများဟုယူဆရသူများသည် အီရတ်အစိုးရတပ်ဖွဲ့များမှ Hawija မြို့ရှိIS အခြေစိုက်စခန်းကို သိမ်းပိုက်လိုက်ပြီးနောက် ကာ့ဒ်လူမျိုး များနေထိုင်ရာဒေသသို့ ထွက်ပြေးသွားသည့်အဖွဲ့မှ ဖြစ်နိုင်ကြောင်း အာဏာပိုင်များကပြောကြားခဲ့သည်ဟုသိရသည်။ ပြီးခဲ့သည့်သီတင်းပတ် အတွင်းကတည်းက လက်နက်ချအဖမ်းခံသည့် အမျိုးသားဦးရေ သည် ၁ဝဝဝ ကျော်ရှိလာပြီဖြစ်ပြီး အားလုံးနီးပါးသည် အကြမ်းဖက် သမားများဖြစ်သည်ဟု အီရတ်မြောက်ပိုင်း ကာ့ဒ်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသဆိုင်ရာ အစိုးရမှပြောကြားခဲ့ကြောင်း သိရသည်။

ထို့ပြင် အီရတ်နိုင်ငံရှိISများ၏ အခြေစိုက်စခန်းမြို့တစ်မြို့ဖြစ် သည့်Hawija မြို့တွင်လည်းISအဖွဲ့ဝင်တပ်သားများသည် ကာလ ရှည်ခံစားနေရသည့် ရိက္ခာပြတ်လပ်မှုနှင့်အစားအစာဝယ်ယူရန် ငွေ ကြေးမရှိတော့ခြင်းတို့ကြောင့် အစိုးရတပ်ဖွဲ့ဝင်များထံသို့သွားရောက် ပြီး လက်နက်ချအဖမ်းခံနေကြပြီဖြစ်ကြောင်းလည်း သိရသည်။

 လက်ရှိ၌ Hawija မြို့တွင် လက်နက်ချသည့်IS ဦးရေသည် ရာနှင့်ချီနေပြီဖြစ်ပြီး လက်နက်ချအဖမ်းခံခဲ့သည့်IS အချို့က ၄င်းတို့ ရည်မှန်းထားသည်နှင့် လက်တွေ့ရင်ဆိုင်နေရမှုသည် ကိုက်ညီမှုမရှိ သည့်အပြင် ဒုက္ခများစွာရင်ဆိုင်ကြုံတွေ့ခဲ့ရပြီး ခေါင်းဆောင်များ ကလည်း ၄င်းတို့ကိုလျစ်လျူရှုပြီး စွန့်ပစ်ထားခဲ့ကြသည်ဟု ထွက်ဆိုခဲ့ကြောင်း အီရတ်စစ်တပ်ဒုတိယဗိုလ်ချုပ်ကြီး Paul Funk က ပြောကြားခဲ့သည်ဟု သိရသည်။

နောင်နောင်
Ref: Reuters
The Union Daily
https://www.facebook.com/uniondaily.net/
အီရတ်တွင် ရာပေါင်းများစွာသော IS စစ်သွေးကြွများ လက်နက်ချအဖမ်းခံ  အီရတ်တွင် ရာပေါင်းများစွာသော IS စစ်သွေးကြွများ လက်နက်ချအဖမ်းခံ Reviewed by THITHTOOLWIN on 23:20 Rating: 5
Powered by Blogger.