နေပြည်တော်၊ အောက်တိုဘာ ၂၂
တပ်မတော်(လေ)မှ လေ့ကျင့်ပျံသန်းရေး G-4 ဂျက်လေယာဉ်သည် စက်တင်ဘာ ၅ ရက် နံနက်ပိုင်းတွင် ပုသိမ်-ဟင်္သာတ-ဂွ-ပုသိမ်လမ်းကြောင်းအတိုင်း လေ့ကျင့်ပျံသန်းစဉ် ပျောက်ဆုံးသွားခဲ့သဖြင့် ယင်းနေ့နံနက်ပိုင်းမှ စတင်၍ မြေပြင်တပ်များနှင့် တပ်မတော်(လေ)မှ လေယာဉ်များ၊ ရဟတ်ယာဉ်များက ရှာဖွေရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ရာ အောက်တိုဘာ ၁၈ ရက်တွင် လေယာဉ်အပိုင်းအစများအား ဂွမြို့၏ တောင်ဘက် ၁၂ မိုင်ခန့်အကွာရှိ တောင် ၂ လုံးအကြား လျှိုမြှောင်အတွင်း၌ ပြန်လည်တွေ့ရှိခဲ့သည်။
အဆိုပါ လေယာဉ်ပျက်ကျသည့်နေရာအား ရှာဖွေရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်ခဲ့ရာ အောက်တိုဘာ ၂၀ ရက်တွင် ၎င်းနေရာအနီး၌ လေယာဉ်မှူး ဗိုလ်မှူး ကောင်းထိုက် ၀တ်ဆင်သော လက်ပတ်နာရီ D-Ziner အစိတ်အပိုင်းများ၊ လေသူရဲဖိနပ်တစ်ဖက်၊ တွဲဖက်လေယာဉ်မှူး ဗိုလ်ကြီး သော်ဇင်စိုး ၀တ်ဆင်သော Seiko အမှတ်အသားတံဆိပ်ပါ လက်ပတ်နာရီအစိတ်အပိုင်းများနှင့် မီးလောင်ပျက်စီးနေသည့် ခန္ဓာကိုယ် အရိုးအစိတ်အပိုင်းတစ်ချို့ ၊ လေသူရဲထိုင်ခုံ ၁ ခုစီနှင့် တွဲလျက်ရှိသော လေထီး၊ တောတွင်းသက်ကယ်ကူ ပစ္စည်းစုံအိတ် (Survival Kit) ၂ စုံစီတို့အား ရှာဖွေတွေ့ရှိခဲ့ရာ ရှာဖွေရေးအဖွဲ့နှင့် ဆေးမှူးတို့၏ အတည်ပြုချက်အရ အဆိုပါ လေယာဉ်မှူး ၂ ဦးသည် လေယာဉ်ပျက်ကျပြီးနောက် နေရာတွင်ပင် သေဆုံးသွားခဲ့ကြောင်း သိရှိရသည်။
လေယာဉ်ပျက်ကျသည့်အကြောင်းအရင်းအား စုံစမ်းစစ်ဆေးရေးအဖွဲ့များဖြင့် ဆက်လက်ဖော်ထုတ်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး
https://www.facebook.com/Cincds/
ပျက်ကျသွားခဲ့သော G-4 ဂျက်လေယာဉ်မှ လေယာဉ်မှူးများ၏ သေဆုံးမှုအား အတည်ပြုနိုင်
Reviewed by THITHTOOLWIN
on
19:44
Rating:
