ပျောက်ဆုံးနေသော လေ့ကျင့်ပျံသန်းရေး G-4 ဂျက်လေယာဉ်အား ပြန်လည်တွေ့ရှိ


နေပြည်တော်၊ အောက်တိုဘာ ၁၈

စက်တင်ဘာ ၅ ရက်က ပျောက်ဆုံးသွားသော တပ်မတော်(လေ) မှ လေ့ကျင့်ပျံ သန်းရေး G-4 ဂျက်လေယာဉ်၏ အစိတ်အပိုင်းများအား ဂွမြို့၏တောင်ဘက် ၁၂ မိုင်ခန့် အကွာ လေယာဉ် ဆက်သွယ်မှုပြတ်တောက်ခဲ့သည့် နေရာ၏ မြောက်ဘက် ၅ မိုင်ခန့် အကွာ၌ ရှာဖွေတွေ့ရှိခဲ့ကြောင်း သိရသည်။

အဆိုပါလေယာဉ်သည် စက်တင်ဘာ ၅ ရက် နံနက်ပိုင်းက ပုသိမ်-ဟင်္သာတ-ဂွ-ပုသိမ်လမ်းကြောင်း အတိုင်း လေ့ကျင့်ပျံသန်းစဉ် နံနက် ၉ နာရီ ၁၈ မိနစ်တွင် ပုသိမ်မြို့ ၏ အနောက်မြောက်ဘက် ၃၅၀ ဒီဂရီ၊ အကွာအဝေးအားဖြင့် ၃၆ မိုင်ခန့်အကွာ၌ ပုသိမ်လေဆိပ်နှင့် နောက်ဆုံး အဆက်အသွယ် ရရှိပြီးနောက်ပိုင်း ပျောက်ဆုံးသွား ခဲ့ခြင်းဖြစ်သည်။


အဆိုပါဂျက်လေယာဉ်အား ရှာဖွေရေးအတွက် အဆက်အသွယ်ပြတ်တောက်ခဲ့သည့် ယင်းနေ့ နံနက်ပိုင်းမှစတင်၍ လေယာဉ်ပျံသန်းရာလမ်းကြောင်း တစ်လျှောက် မြေပြင်တပ်များနှင့် တပ်မတော် (လေ)မှ လေယာဉ်များ၊ ရဟတ်ယာဉ် များဖြင့် ရှာဖွေရေး လုပ်ငန်းများ ကြိုးပမ်းဆောင်ရွက်ခဲ့ရာ မြေပြင်တပ်များက ယနေ့ ညနေ ၃ နာရီခန့်တွင် G-4 ဂျက်လေယာဉ်၏ လေယာဉ်ဦးခေါင်း အစိတ်အပိုင်း၊ ဘီး ၁ လုံး၊ တောင်ပံအပိုင်း ၂ ခု၊ ထိုင်ခုံ၊ လေထီး၊ စက်ပစ္စည်းအပိုင်းအစများနှင့် PT2 တံဆိပ်ပါဘူး ၁ ဘူးတို့အား ဂွမြို့၏ တောက်ဘက် ၁၂ မိုင်ခန့််အကွာ၊ လေယာဉ်ဆက်သွယ်မှု ပြတ် တောက်ခဲ့သည့် နေရာ၏ မြောက်ဘက် ၅ မိုင်ခန့်အကွာ၌ ပြန်လည်ရှာ ဖွေတွေ့ရှိခဲ့ခြင်းဖြစ်သည်။

ယင်းလေယာဉ်ကိုမောင်းနှင်ခဲ့သည့် လေယာဉ်မှူး၊ လေယာဉ်မှူးနှင့် ကျန်ရှိ လေယာဉ်အစိတ်အပိုင်း တို့အား ဆက်လက် ရှာဖွေလျက်ရှိကြောင်းနှင့် ပျက်ကျသွား သည့် အကြောင်းအရင်းအား ဖော်ထုတ် သိရှိနိုင်ရေးအတွက် ဆောင်ရွက်လျက်ရှိ ကြောင်း သတင်းရရှိသည်။

MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar/
ပျောက်ဆုံးနေသော လေ့ကျင့်ပျံသန်းရေး G-4 ဂျက်လေယာဉ်အား ပြန်လည်တွေ့ရှိ ပျောက်ဆုံးနေသော လေ့ကျင့်ပျံသန်းရေး G-4 ဂျက်လေယာဉ်အား ပြန်လည်တွေ့ရှိ Reviewed by THITHTOOLWIN on 22:58 Rating: 5
Powered by Blogger.