ကန် မောင်းသူမဲ့ Drone ပစ်ခတ်လို့ တာလီဘန်ခေါင်းဆောင်သေဆုံး


အမေရိကန် မောင်းသူမဲ့ လေယာဉ် Drone တိုက်ခိုက်မှုကြောင့် ပါကစ္စတန် တာလီဘန်ခေါင်းဆောင်တစ်ဦး ကျဆုံးသွားပြီဖြစ်တယ်လို့ အဖွဲ့က ပြောရေးဆိုခွင့်ရှိသူက AFP သတင်းဌာနကိုပြောပါတယ်။

ကျဆုံးသွားသူ JuA( Jamaat-ul- Ahrar) အဖွဲ့ခေါင်းဆောင်ဟာ အာဖဂန်နစ္စတန်နိုင်ငံ Paktia ဒေသမှာ အမေရိကန် Drone က တိုက်ခိုက်တာကြောင့် ဒဏ်ရာရရှိခဲ့ပြီး ဗုဒ္ဓဟူးနေ့က သေဆုံးသွားတယ်လို့ အဖွဲ့ပြောရေးဆိုခွင့်ရှိသူကပြောတာပါ။ တနင်္လာနေ့က Drone ရဲ့ ပစ်ခတ် တိုက်ခိုက်မှုကြောင့် အနဲဆုံး လူ၂၆ဦးသေဆုံးခဲ့ပါတယ်။

JuA ပါကစ္စတန် တာလီဘန်အဖွဲ့ဟာ အကြမ်းဘက်မှုအများအပြားကို လုပ်ခဲ့တဲ့ အဖွဲ့ဖြစ်ပြီး ကလေးငယ်တွေပါဝင်ပြီး လူ၇၅ဦးသေဆုံးခဲ့ရတဲ့ လာဟိုမြို့ ပန်းခြံ အသေခံဗုံးခွဲမှုမှာလည်း တာဝန်ရှိတဲ့ အဖွဲ့ဖြစ်တယ်လို့ ဆိုပါတယ်။

ဒီအတွင်း အာဖဂန်နစ္စတန်နိုင်ငံအတွင်း တာလီဘန်တွေရဲ့ တိုက်ခိုက်မူကြောင့် အခုအပတ် အတွင်း အာဖဂန် အစိုးရစစ်သားတွေ အပါအ၀င်လူ ၁၂၀လောက်သေဆုံးပါတယ်။ နိုင်ငံတောင်ပိုင်း တိုက်ခိုက်မှုမှာ အာဖဂန်စစ်သား ၄၃ဦင်္းကျဆုံးပြီး ၉ဦးဒဏ်ရာရရှိပါတယ်။

RFA Burmese
https://www.facebook.com/rfaburmese/
ကန် မောင်းသူမဲ့ Drone ပစ်ခတ်လို့ တာလီဘန်ခေါင်းဆောင်သေဆုံး ကန် မောင်းသူမဲ့ Drone ပစ်ခတ်လို့ တာလီဘန်ခေါင်းဆောင်သေဆုံး Reviewed by THITHTOOLWIN on 08:33 Rating: 5
Powered by Blogger.