ကလေးဝမြို့နယ်၌ Detonator(၄၀,၀၀၀)ခု ဖမ်းဆီးရမိ


၂၀၁၇ခုနှစ်၊ အောက်တိုဘာလ ၁၆ ရက်နေ့ ၁၈၄၀ အချိန်တွင် မူယစ်တပ်ဖွဲ့စု (၅) (ကလေး)မှ ရဲတပ်ဖွဲ့ဝင်များ ၊ ကလေးခရိုင်ရဲတပ်ဖွဲ့မှူးရုံးမှ ရဲတပ်ဖွဲ့ဝင်များ၊ ကလေးဝ မြို့မရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များ ပါဝင်သောပူးပေါင်းအဖွဲ့သည် ကလေးဝမြို့နယ်၌  ပေါက်ကွဲစေတက်သော ပစ္စည်း Detonator(၄၀,၀၀၀)ခုအား ဖမ်းဆီးရမိကြောင်း သိရပါသည်။

အဆိုပါအဖွဲ့ သည် ကလေးဝ-ရေဦး-တန့်ဆည် ကားလမ်းမိုင်တိုင်(၁၀၄/၁၀၅)ကြား၌ ကလေးဝမြို့နယ်ဘက်မှ ရေဦးမြို့ဘက်သို့ သန်းနိုင်ဦး (၄၂)နှစ်၊ ဟေမမာလာ(တောင်) ရပ်ကွက်၊ မဟာအောင်မြေမြို့နယ်နေသူ မောင်းနှင်ပြီး ပြည်ဖြိုးမောင်(၂၉)နှစ်၊ အင်ကျယ်ကျေးရွာ ပုသိမ်ကြီးမြို့နယ်နေသူ လိုက်ပါလာသည့် MDY-6E/ xxxx SURF ယာဉ်အား ရပ်တန့်စစ်ဆေးရာ ကားနောက်ခန်း ခရီးဆောင်အိတ်အတွင်းမှ Detonator (၄၀၀၀၀) ခု တို့အား သိမ်းဆည်း ရမိခဲ့ခြင်း ဖြစ်သည်။

၂၁၀၀ အချိန်တွင် သန်းနိုင်ဦး ပါ(၂)ဦး(ဖမ်းမိ)အား ကလေးဝမြို့မရဲစခန်း (ပ)၃၀၄/၂၀၁၇၊ ပေါက်ကွဲစေတက်သော ပစ္စည်းများဆိုင်ရာ ဥပဒေပုဒ်မ ၅ အရ အမှုဖွင့် စစ်ဆေးလျက်ရှိကြောင်း ပြည်ထဲရေးဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်အရ သိရပါသည်။

သစ်ထူးလွင်
ကလေးဝမြို့နယ်၌ Detonator(၄၀,၀၀၀)ခု ဖမ်းဆီးရမိ ကလေးဝမြို့နယ်၌ Detonator(၄၀,၀၀၀)ခု ဖမ်းဆီးရမိ Reviewed by THITHTOOLWIN on 16:13 Rating: 5
Powered by Blogger.