မန္တလေး မဟာမုနိဘုရား၊ CCTV မှတ်တမ်းစစ်ဆေးရာ ရုပ်ပွားတော်မှ ရွှေခိုးယူမှု ပေါ်ပေါက်


အောက်တိုဘာ ၁၉ ။

မန္တလေးမြို့ မဟာမုနိဘုရားရှိ CCTV မှတ်တမ်းများကို အောက်တိုဘာ ၁၈ ရက်နေ့ ညနေပိုင်းက စစ်ဆေးရာမှ ထိုနေ့ နေလည်ပိုင်းတွင် ရုပ်ပွားတော်၏ နောက်ကျောတော်မှ စတီးပိုက်ဖြင့် ခြစ်၍ ရွှေခိုးယူမှုကို ကင်မရာ မှတ်တမ်း၌ တွေ့မြင်ခဲ့ရသဖြင့် နောက်ရက်၌ အစောင့်ကြပ်များနှင့် စောင့်ဆိုင်းစဉ် ခိုးယူသူကို ဖမ်းမိခဲ့ကြောင်း သိရသည်။

ရွှေခိုးယူသူသည် အသက် ၃၀ ခန့်ရှိ၍ ဖမ်းမိစဉ် အချင်း ၁ လက်မ၊အရှည် ၄ လက်မခန့် စတီးပိုက်တွေ့ရှိခဲ့ပြီး မဟာအောင်မြေမြို့နယ်တွင် နေထိုင်သူဖြစ်၍ အမှတ် ၁၀ ရဲစခန်းတွင် အမှုဖွင့်ထားကြောင်း ၊နောက်ဆက်တွဲ ပါဝင်သူများ ရှိပါက ထွက်ပြေးသွားနိုင်၍ ချက်ခြင်းချပြမရှင်းလင်းနိုင်သေးဘဲ ၂၀ ရက်နေ့တွင် သတင်းစာ ရှင်းလင်းပွဲပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။

Mandalay News
မန္တလေး မဟာမုနိဘုရား၊ CCTV မှတ်တမ်းစစ်ဆေးရာ ရုပ်ပွားတော်မှ ရွှေခိုးယူမှု ပေါ်ပေါက် မန္တလေး မဟာမုနိဘုရား၊ CCTV မှတ်တမ်းစစ်ဆေးရာ ရုပ်ပွားတော်မှ ရွှေခိုးယူမှု ပေါ်ပေါက် Reviewed by THITHTOOLWIN on 21:21 Rating: 5
Powered by Blogger.