သီလဝါ စက်မှုဇုန်ဆိပ်ကမ်းဝန်းအတွင်း သင်္ဘောမှ ချထားသော Bus ကားတစ်စီး မီးလောင်


ကျောက်တန်း အောက်တိုဘာ - ၇

သီလဝါ အထူးစီးပွားရေး စက်မှုဇုန်ရှိ သီလဝါဆိပ်ကမ်းမြေကွက်အမှတ် ( ၄ ) MyanmarIntergrated Port Limited ( MIPL ) ဆိပ်ကမ်းဝန်းအတွင်း၌ တောင်ကိုရီးယားနိုင်ငံမှ မှာယူတင်သွင်းလာပြီး စက်တင်ဘာ ၂၆ ရက်နေ့က သင်္ဘောပေါ်မှချထားသော Hyundai အမျိုးအစား Bus မော်တော်ယာဉ်တစ်စီး မှာ အောက်တိုဘာလ ၇ ရက်နေ့ ယနေနံနက် ၇း ၅၀ နာရီခန့်က အပူလွန်ကဲပြီး မီးလောင်မှုဖြစ်ပွားသည် ။

အခင်းဖြစ်ရာသို့ တောင်ပိုင်းခရိုင် မီးသတ်ဦးစီးမှူး ဦးရဲလင်းထွဋ် နှင့် မြို့နယ်မီးသတ်ဦးစီးမှူးဦးထွန်းလင်းတို့ဦးစီးသော မီးသတ်ယာဉ်( ၇ ) စီးနှင့် မီးသတ်ရဲဘော်များ ငြိမ်းသတ်ကြပြီး ခရိုင်ရဲတပ်ဖွဲ့မှူး( ယာယီ ) ဒုတိယရဲမှူးကြီး ထွန်းဖေကျောက်တန်းမြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး မင်းစိုး နှင့်
ရဲဘော်များ လုံခြုံရေးဝန်ထမ်းများ၏ ပံ့ပိုးကူညီမှုဖြင့် နံနက် ၈ နာရီ ကျော်တွင်ငြိမ်းသတ်နိုင်ခဲ့သည်။

မီးလောင်မှုကြောင့် Hyundai Bus ယာဉ်အတွင်းပိုင်း ထိုင်ခုံ မျက်နှာကျက်များပျက်စီးသွားပြီး လူထိခိုက်မှုမရှိကြောင်းနှင့် လုံခြုံရေးမှူးဦးလှဝေ ( ၆၄ နှစ် ) ဒေါပုံမြို့နယ်နေသူအား သီလဝါ
နယ်မြေရဲစခန်းမှအရေးယူထားကြောင်းသတင်းရရှိသည်။

စိုးဝင်း ( ကျောက်တန်း )
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS
သီလဝါ စက်မှုဇုန်ဆိပ်ကမ်းဝန်းအတွင်း သင်္ဘောမှ ချထားသော Bus ကားတစ်စီး မီးလောင် သီလဝါ စက်မှုဇုန်ဆိပ်ကမ်းဝန်းအတွင်း သင်္ဘောမှ ချထားသော Bus ကားတစ်စီး မီးလောင် Reviewed by THITHTOOLWIN on 18:52 Rating: 5
Powered by Blogger.