ရခိုင်တွင် အကြမ်းဖက်ရှောင် ကယ်ဆယ်ရေးခစန်းများအား ပိတ်သိမ်းရန် အစိုးရက ညွှန်ကြားထားဟုဆို

ဓာတ်ပုံ - ကယ်ဆယ်ရေးခစန်းတစ်ခုအတွင်းရှိ နေရပ်ရှောင်သူများအား တွေ့ရစဉ်။
စစ်တွေ၊ အောက်တိုဘာ ၃၁။

ရခိုင်ပြည်နယ်အတွင်း အကြမ်းဖက်တိုက်ခိုက်မှုများကြောင့် နေရပ်တိမ်းရှောင်နေသူများ၏ ကယ်ဆယ်ရေးစခန်းများအား ပိတ်သိမ်းပေးရန် ညွှန်ကြားထားကြောင်း ဒေသခံများထံမှ သိရသည်။

နေရပ်စွန့်ခွာသူများခိုလှုံလျက်ရှိသည့် မောင်တော၊ ဘူးသီးတောင်နှင့် စစ်တွေမြို့ပေါ်များရှိ ယာယီကယ်ဆယ်ရေးစခန်းများကို နိုဝင်ဘာ ၂ ရက်နေ့ နောက်ဆုံးထား ပိတ်သိမ်းပြီး နေရပ်ရှောင်သူများသည်လည်း မိမိနေရပ်သို့ပြန်လည်နေထိုင်ကြရန် သက်ဆိုင်ရာက ခေါ်ယူပြောဆိုနေပြီဖြစ်ကြောင်း နေရပ်ရှောင်များက ပြောသည်။

"မောင်တောခရိုင်အုပ်ချုပ်ရေးမှူးက ခေါ်ပြီး အဲလိုပြောတာ။ ပြန်ခိုင်းတော့ ဟိုမှာက ဘင်္ဂါလီတွေရွာတွေဝိုင်းနေတော့ ကျွန်တော်တို့ရွာမှာ ကျွန်တော်တို့ ဘယ်လိုပြန်နေနိုင်မလဲ။ ဒီကိစ္စကြောင့် တော်တော်ဦးနှောက်ခြောက်နေမိတယ်"ဟု မောင်တောခရိုင်အုပ်ချုပ်ရေးမှူးနှင့်တွေ့ဆုံခဲ့သည့် ဟိန္ဒူဘာသာရေးခေါင်းဆောင် ဦးနီးမောလ်က ပြောသည်။

လက်ရှိတွင် မောင်တောဒေသအတွက် ဒေသအခြေအနေ ပြန်လည်တည်ငြိမ်ပြီး ပုံမှန်အတိုင်းဖြစ်နေပြီဟုဆိုကာ ယခုကဲ့သို့ ညွှန်ကြားချက်ထုတ်ပြန်လိုက်ခြင်းဖြစ်ကြောင်း သိရသည်။

ယခုကိစ္စနှင့်ပတ်သက်ပြီး မောင်တောခရိုင်အုပ်ချုပ်ရေးမှူးသဘောထားကို ရယူရန် ဆက်သွယ်သော်လည်း ဆက်သွယ်မရခဲ့ပါ။

ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ယခုကဲ့သို့ညွှန်ကြားချက်ထုတ်ပြန်သည်ဆိုခြင်းမှာ မဟုတ်မှန်ဘဲ နေရပ်ရှောင်သူများအနေဖြင့် မပြန်လိုလျှင်လည်း အစိုးရအနေဖြင့် ကြည့်ရှုစောင့်ရှောက်ပေးဦးမည်ဟုဆိုသည်။

မောင်စပ်စု
Central News Myanmar
https://www.facebook.com/CNMyanmar/
ရခိုင်တွင် အကြမ်းဖက်ရှောင် ကယ်ဆယ်ရေးခစန်းများအား ပိတ်သိမ်းရန် အစိုးရက ညွှန်ကြားထားဟုဆို ရခိုင်တွင် အကြမ်းဖက်ရှောင် ကယ်ဆယ်ရေးခစန်းများအား ပိတ်သိမ်းရန် အစိုးရက ညွှန်ကြားထားဟုဆို Reviewed by THITHTOOLWIN on 16:16 Rating: 5
Powered by Blogger.