![]() |
လွတ်လပ်ရေး ကြေညာလိုက်တာ ဟုတ်မဟုတ် တရားဝင် ရှင်းရှင်းလင်းလင်း မေးရ |
ကက်တလန် အာဏာပိုင်တွေအနေနဲ့သူတို့ရဲ့ ဒေသကို လွတ်လပ်ရေး ကြေညာလိုက်တာ ဟုတ်မဟုတ် တရားဝင် ရှင်းရှင်းလင်းလင်း မေးရမယ်လို့ အစိုးရအဖွဲ့ အရေးပေါ်အစည်းအဝေးမှာ ဝန်ကြီးချုပ်က ပြောပါတယ်။
အစိုးရအဖွဲ့အနေနဲ့ကက်တလိုနီးယားအာဏာပိုင်တွေကို တရားဝင်ဆက်သွယ်ပြီးအခြေအနေရှုတ်ထွေးတဲ့ကြေညာချက်နောက်ပိုင်း လွတ်လပ်ရေးတကယ်ကြေညာတာလားလို့အတည်ပြုချက်ရယူမှာဖြစ်ပါတယ်။
အစိုးရ အနေနဲ့ အရေးကြီးတဲ့ကိစ္စမှာ အခြေခံဥပဒေရဲ့ လုပ်ပိုင်ခွင့်အရ ဆက်မလုပ်ခင် ပြည်သူတွေရှင်းအောင်နဲ့ လုံခြုံအောင်ပြု လုပ်ရတာ ဖြစ်တယ် လို့ဝန်ကြီးချုပ်ကပြောသွားပါတယ်။
ကက်တလန်ခေါင်းဆောင် Carles Puigdemontက အောက်တိုဘာ လ ၁၀ ရက်နေ့ မနေ့က လွတ်လပ်ရေး ကြေညာပြီး ညှိနှိုင်းမှုတွေအတွက် အကောင်အထည်ဖေါ်ဖို့ ဆိုင်းငံ့ ထားမယ်လို့ပြောပါတယ်။
စပိန် ဗဟိုအစိုးရကတော့ ကက်တလန် ဒေသန္တရ အစိုးရ ရဲ့ ညှိနှိုင်းဖို့ ပြောဆိုမှု တွေကို ပယ်ချထားခဲ့ပါတယ်။
BBC Burmese
http://www.bbc.com/burmese
ကက်တလန် လွတ်လပ်ရေး ကြေညာတာလား ရှင်းလင်းဖို့ စပိန် မေးမြန်း
Reviewed by THITHTOOLWIN
on
21:25
Rating:
