လာ့စ်ဗေးဂတ်စ် ပစ်ခတ်မှု ကင်မရာတွေ တပ်ဆင်ထားခဲ့ကြောင်းထွက်ပေါ်

ပစ်ခတ်မှုဖြစ်ရာနေရာကနေ ထွက်ပြေးနေတဲ့ ပရိတ်သတ်များ
လူ ၅၈ ဦး သေဆုံးပြီး ၅၀ဝ ကျော် ထိခိုက်ခဲ့တဲ့ လာ့စ်ဗေးဂတ်စ် ပစ်ခတ်မှုရဲ့ တရားခံဖြစ်သူ စတီဗင် ပက်ဒေါ့ဟာ သူ့ ဟိုတယ်ခန်း အတွင်းနဲ့ အပြင် တဝိုက်မှာ ကင်မရာတွေတပ်ဆင်ထားခဲ့တယ်လို့ ရဲတွေကပြော ပါတယ်။

ကင်မရာနှစ်လုံးကို ဟိုတယ်စင်္ကြံလမ်းမမှာ တပ်ဆင်ထားပြီး နောက်တစ်လုံးကိုတော့ သူ့အခန်းတံခါးရဲ့ ချောင်းကြည့် ပေါက်မှာ တပ်ဆင်ထားခဲ့တယ်လို့လည်း ရဲတွေကပြောပါတယ်။

ပက်ဒေါ့ဟာ မန္တလေးဘေးဟိုတယ်ကနေ ဒီဖြေဖျော်ပွဲကို အခုလို ပစ်ခတ်မှုတွေ ဘာကြောင့်လုပ်ခဲ့တာလဲ ဆိုတာကိုတော့ ရဲအရာရှိတွေက စုံစမ်းနေဆဲဖြစ်ပေမဲ့ ဒီပစ်ခတ်မှုဟာ ကြီးမားတဲ့ ကြံစည်မှုတစ်ခုဖြစ်တယ်လို့ သုံးသပ်ထားပါတယ်။

အာဏာပိုင်တွေက ပြီးခဲ့တဲ့ အင်္ဂါနေ့က ၅၉ ဦးသေဆုံးခဲ့တယ်လို့ ထုတ်ပြန်ထားပေမယ့် အဲဒီ့ထဲက သေဆုံးသူ တစ်ဦးဟာ သေနတ်သမားဖြစ်တယ်လို့ ပြန်ပြီးပြင်ဆင်ထုတ်ပြန်ခဲ့ပါတယ်။

ပက်ဒေါ့ဟာ လာ့စ်ဗေးဂတ်စ်က မန္တလေးဘေးဟိုတယ်ရဲ့ ၃၂ ထပ် အမြင့်ကနေ ကျေးလက်ဂီတ ဖျော်ဖြေပွဲလာသူ လူအုပ်ကြီးထဲကို မောင်းပြန်သေနတ်နဲ့ ပစ်ခတ်ခဲ့တာပါ။

ဒီပစ်ခတ်မှု ဖြစ်ပွားခဲ့တာနဲ့ ပတ်သက်ပြီး သမ္မတ ထရမ့်ကို သတင်းထောက်တွေက မေးမြန်းရာမှာ သေနတ် ကိုင်ဆောင်မှုဆိုင်ရာ ဆွေးနွေးမှုတွေ နောက်ပိုင်းမှာ ရှိကောင်းရှိလာနိုင်ပေမယ့် အခုတော့ မဟုတ်သေးဘူးလို့ ပြန်လည်ပြောဆိုထားပါတယ်။

 ပစ်ခတ်မှုပြုလုပ်ခဲ့တဲ့ မန္တလေးဘေးဟိုတယ် ၃၂ ထပ် နဲ့ ကျေးလက်ဂီတပွဲပြုလုပ်ခဲ့ရာနေရာပြပုံ

BBC Burmese
http://www.bbc.com/burmese
လာ့စ်ဗေးဂတ်စ် ပစ်ခတ်မှု ကင်မရာတွေ တပ်ဆင်ထားခဲ့ကြောင်းထွက်ပေါ် လာ့စ်ဗေးဂတ်စ် ပစ်ခတ်မှု ကင်မရာတွေ တပ်ဆင်ထားခဲ့ကြောင်းထွက်ပေါ် Reviewed by THITHTOOLWIN on 18:26 Rating: 5
Powered by Blogger.