အာရှလမ်းမကြီးတွင် ဂတ်စ်အိုးများတင်ဆောင်လာသည့် (၁၂)ဘီးယာဉ် တိမ်းမှောက် ယာဉ်မောင်း ထွက်ပြေးတိမ်းရှောင်နေ


ကရင်ပြည်နယ်၊ မြဝတီ-ကော့ကရိတ် အာရှလမ်းမကြီး၊ နတ်စင်ကွေ့အနီးတွင် အောက်တိုဘာ ၅ ရက် ညနေ(၃) နာရီခန့်က ဂတ်စ်အိုးများ တင်ဆောင်လာသော(၁၂)ဘီးယာဉ်တစ်စီး တိမ်းမှောက်မှုဖြစ်ပွားခဲ့ပြီး ယာဉ်မောင်းမှာ ထွက်ပြေးတိမ်းရှောင်နေကြောင်း သိရှိရသည်။

 မြဝတီမှ ကော့ကရိတ်သို့ ဂက်စ်အိုး(၁၉၇)လုံးတင်ဆောင်ပြီး ယာဉ်မောင်း ထွန်းထွန်းဝင်း(နေရပ်လိပ်စာ စုံစမ်း ဆဲ)မောင်းနှင်သည့် (၁၂)ဘီးယာဉ်သည် အာရှလမ်းမကြီးရှိ နတ်စင်ကွေ့အနီး ကီလိုမီတာအမှတ်(၁၅၄)နှင့် (၁၅၅)ကြားအရောက်တွင် အရှိန်မထိန်းနိုင်ဘဲ လမ်း၏ညာဘက်ခြမ်းသို့ ထိုးကျတိမ်းမှောက်ခဲ့ကြောင်း သိရသည်။

အဆိုပါယာဉ်တိမ်းမှောက်မှုသတင်းအရ အမှတ်(၇၁)ယာဉ်ထိန်းတပ်ဖွဲ့စုမှ ရဲအုပ်သန်းနိုင်ရွှေ၊ ကော့ကရိတ်ခရိုင် ရဲတပ်ဖွဲ့မှ ဒုရဲအုပ်ဇော်နိုင်နှင့် ကော့ကရိတ်မြို့မရဲစခန်းမှ တာဝန်မှူး ဒုရဲအုပ်အောင်ပိုင်ဝင်းတို့က အခင်းဖြစ်နေ ရာသို့ သွားရောက်စစ်ဆေးခဲ့ကြောင်း သိရသည်။

ယာဉ်တိမ်းမှောက်မှုကြောင့် လမ်းဘေးတွင် ကာရံထားသည့် လက်တန်းဘေးကာ(၄)ကန့်၊ ပေ(၄၀)ခန့် ပျက်စီး သွားခဲ့ပြီး ယာဉ်မှာ ဦးခေါင်းပိုင်းနှင့် ဘော်ဒီများ ပိန်ချိုင့်ပျက်စီးသွားကြောင်း သိရသည်။

ယာဉ်အား မဆင်မခြင်မောင်းနှင်၍ ယာဉ်တိမ်းမှောက်မှုဖြစ်ပြီး ထွက်ပြေးတိမ်းရှောင်သွားသူ ထွန်းထွန်းဝင်းအား ကော့ကရိတ်မြို့မ ရဲစခန်းက ယာဉ်(ပ)၇၅/၂၀၁၇၊ ရာဇသတ်ကြီးပုဒ်မ ၂၇၉/၂၀၂ ဖြင့်အမှုဖွင့်လှစ်ပြီး စစ်ဆေး ဆောင်ရွက်လျက်ရှိကာ တရားခံဖမ်းဆီးရမိရေး နယ်ထိန်းတပ်ဖွဲ့ဝင်များ၊ ယာဉ်ထိန်းတပ်ဖွဲ့ဝင်များဖြင့် ပူးပေါင်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ရတနာပုံ သတင်းစာ
https://www.facebook.com/yadanabonnewspaper
အာရှလမ်းမကြီးတွင် ဂတ်စ်အိုးများတင်ဆောင်လာသည့် (၁၂)ဘီးယာဉ် တိမ်းမှောက် ယာဉ်မောင်း ထွက်ပြေးတိမ်းရှောင်နေ အာရှလမ်းမကြီးတွင် ဂတ်စ်အိုးများတင်ဆောင်လာသည့် (၁၂)ဘီးယာဉ် တိမ်းမှောက် ယာဉ်မောင်း ထွက်ပြေးတိမ်းရှောင်နေ Reviewed by THITHTOOLWIN on 17:23 Rating: 5
Powered by Blogger.