ပြည်ကြီးတံခွန်မြို့နယ်တွင် နေအိမ်ငါးလုံး မီးလောင်မှုဖြစ်ပွား


မန္တလေး အောက်တိုဘာ ၎

မန္တလေးတိုင်းဒေသကြီး ပြည်ကြီးတံခွန်မြို့နယ် (င)ရပ်ကွက် (၅၉)လမ်း x လမ်း(၆ဝ)ကြား မင်းကြီးရန်နောင်လမ်းနှင့် မင်းရဲကျော်စွာ လမ်းကြားရှိ အကွက်အမှတ် ညည/(၄)ရပ်ကွက်တွင် ယနေ့ညနေ ၆ နာရီ မိနစ် ၄ဝ ခန့်က မီးအားမြှင့်စက် အပူလွန်ကဲရာမှ နေအိမ် ငါးလုံး မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ပြီး ည ၇ နာရီခန့်တွင် မီးငြှိမ်းသတ်နိုင်ခဲ့ကြောင်း သိရသည်။

မီးလောင်ရာသို့ အုပ်ချုပ်မှုယာဉ်နှစ်စီး၊ မီးသတ်ယာဉ် ၃ဝ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် ရပ်ကွက်နေပြည်သူများက ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ပြီး မီးစတင်လောင်ကျွမ်းသော နေအိမ်ပိုင်ရှင် ဦးလင်းထွန်းအောင်အား ပြည်ကြီးတံခွန်မြို့နယ်ရဲစခန်းက အရေးယူဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

သန်းဇော်မင်း(ပြန်/ဆက်)
The Mirror Daily
https://www.facebook.com/TheMirrorDaily
ပြည်ကြီးတံခွန်မြို့နယ်တွင် နေအိမ်ငါးလုံး မီးလောင်မှုဖြစ်ပွား ပြည်ကြီးတံခွန်မြို့နယ်တွင် နေအိမ်ငါးလုံး မီးလောင်မှုဖြစ်ပွား Reviewed by THITHTOOLWIN on 11:10 Rating: 5
Powered by Blogger.