တာချီလိတ်တွင် ထိုင်းနိုင်ငံသား (၄)ဦးနှင့် မြန်မာနိုင်ငံသားတစ်ဦးထံမှ လက်နက်နှင့်ကျည်ဆံများ ဖမ်းဆီးရမိ
ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့၊ မယ်ခေါင်ရပ်ကွက်၊ မယ်ခေါင်(၁)လမ်းမှနေအိမ်တစ်လုံးအား အောက်တိုဘာလ (၂၃)ရက်နေ့ နေ့လယ် (၁)နာရီကျော်က သက်သေများ ပါဝင်သည့် ပူးပေါင်းအဖွဲ့ဖြင့် ဝင်ရောက်ရှာဖွေရာ ထိုင်းနိုင်ငံသား(၄)ဦးနှင့် လက်နက်များအား ဖမ်းဆီးရမိကြောင်း သိရသည်။
ပူးပေါင်းအဖွဲ့သည် သက်သေများနှင့်အတူ မယ်ခေါင်(၁)လမ်းမှ နေအိမ်အား ဝင်ရောက်ရှာဖွေရာ မြန်မာနိုင်ငံသား အိုက်ကျွဲ့နှင့်အတူ ထိုင်းနိုင်ငံသားများဖြစ်သည့် Thanaphon Siriphan ၊ Sitthipong Kunna ၊ Adisak Insuriya နှင့် Sutti Pong တို့အား တွေ့ရှိရပြီး နေအိမ်အတွင်းမှ PBX675 နံပါတ်ပါ သြစတြေးလျနိုင်ငံထုတ် Glock အမျိုးအစား ပစ္စတို သေနတ် (၁)လက်နှင့် ကျည်အိမ် (၂)ခု၊ 9 MM ကျည် (၁၀၀)တောင့်၊ Glock စာတမ်းပါ သေနတ်ထည့်သည့် လက်ကိုင်ကွင်းပါ အနက်ရောင်ကော်ဘူး(၁)ဘူး နှင့် ပွိုင့် ၄၅ ကျည် (၁၀၀)တောင့် ၊ Thanaphon Siriphan ၊ Sitthipong Kunna နှင့် Adisak Insuriya တို့၏ ယာယီနယ်စပ်ဖြတ်သန်းခွင့် လက်မှတ် (၃)ခုတို့အား စစ်ဆေးတွေ့ရှိရကြောင်း သိရသည်။
လက်နက်ခဲယမ်းများနှင့်အတူ ဖမ်းဆီးရမိသည့် မြန်မာနိုင်ငံသား အိုက်ကျွဲ့နှင့် ထိုင်းနိုင်ငံသားများဖြစ်သည့် Thanaphon Siriphan ၊ Sitthipong Kunna ၊ Adisak Insuriya နှင့် Sutti Pong တို့ အား တာချီလိတ်မြို့မရဲစခန်းတွင် (ပ)၂၁၂/၂၀၁၇၊ ရှမ်းလက်နက်အမိန့် အပိုဒ် ၁၂(က)(ဂ) အရ အမှုဖွင့် စစ်ဆေးဆောင်ရွက်နေသည့်အပြင် ထိုင်းနိုင်ငံသား (၄)ဦးအား လဝက(လတ်တလောပြဌာန်းချက်)ဥပဒေဖြင့် ထပ်မံအရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
သတင်း - စိုင်းဇေယျာ
Tachileik News Agency
http://www.tachileik.net
တာချီလိတ်တွင် ထိုင်းနိုင်ငံသား (၄)ဦးနှင့် မြန်မာနိုင်ငံသားတစ်ဦးထံမှ လက်နက်နှင့်ကျည်ဆံများ ဖမ်းဆီးရမိ
Reviewed by THITHTOOLWIN
on
21:38
Rating:
