သပိတ်ကျင်း ရွှေသတ္တုလုပ်ကွက်များတွင် နိုင်ငံခြားသားများ ၀င်ရောက်ေ နထိုင်မှု မြေပြင်ကွင်းဆင်းစစ်ဆေးမည်


အောက်တိုဘာ ၂၆ ။

မန္တလေးတိုင်းဒေသကြီး သပိတ်ကျင်းမြို့နယ်အတွင်း ရွှေသတ္ထုတူးဖော်ရေး ကုမ္မဏီများတွင် ခွင့်ပြုချက် အထောက်အထားမပါရှိဘဲ နိုင်ငံခြားသား ၀င်ရောက်နေထိုင်မှုများကို မြေပြင်ကွင်းဆင်းစစ်ဆေး မည်ဟု မြို့နယ် အုပ်ချုပ်ရေးမှူး ဦးအောင်မိုးဦးက ပြောသည် ။

တိုင်းဒေသကြီးအတွင်း မိုးကုတ်မြို့နယ်နှင့် သပိတ်ကျင်းမြိုနယ်အတွင်း နိုင်ငံခြားသားများ မည်သည့် အကြောင်းနှင့်အမျှ ၀င်ရောက်ခွင့် မရှိဘဲ တိုင်းဒေသကြိး အစိုးရအဖွဲ့ ခွင့်ပြုချက်အထောက်အထားပါရှိ ရန်လို အပ်သည်။
“ရွှေသတ္တုကုမ္ပဏီတချို့က နိုင်ငံခြားသားပညာရှင်တွေ ခေါ်ပြီး လုပ်ကိုင် တာမျိုးရှိတယ်။ဒါပေမယ့် သပိတ်ကျင်းမြို့နယ်က ကန့်သတ်နယ်မြေဖြစ်လို့ ၊၀င်ထွက် ချင်တိုင်း လုပ်လို့မရဘူး။ ခွင့်ပြုချက်မရှိဘဲ နေထိုင်မှုတွေမရှိေ အာင် စစ်ဆေးဖို့ အဖွဲ့ဖွဲ့ပေးထားတယ်။”ဟု ၄င်းကပြော သည်။

Mandalay News
https://www.facebook.com/lin.aung.777

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

အချိန်နဲ့ တပြေးညီ သတင်းများ ဖတ်ရှုနိုင်ဖို့  facebook "like" ကို နှိပ်ပါ။ thithtoolwin9@gmail.com ကို လည်း သတင်းများ ဆက်သွယ်ပေးပို့ နိုင်ပါသည်။
နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Advertisement

 

အသစ် တင်သမျှ သတင်းများ အလို အလျှောက်ပို့  ပေးပါမည်

ကျန်းမာရေးနှင့် ဖျော်ဖြေရေး

တစ်ပတ်အတွင်း စိတ်ဝင်စားဖွယ်ရာ သတင်းများ

သတင်းစာနှင့် ဂျာနယ်များ