မန္တလေး အိမ်ခြံမြေဈေးကွက် အရောင်းအဝယ်အေး မြို့တွင်းနှင့် ဆင်ခြေဖုံးရပ်ကွက်များ အိမ်အငှားများပြား


မန္တလေး အောက်တိုဘာ ၃၁

မန္တလေးမြို့တွင်းဧရိယာနှင့် မြို့သစ်များတွင်သီတင်းကျွတ်အပြီး အိမ်ခြံမြေရောင်းဝယ်မှုများ အေး နေပြီး ချမ်းအေးသာစံမြို့နယ် မြို့ တွင်းဧရိယာနှင့် ရတနာပုံဈေးအနီး တိုက်ခန်းများ၊လုံးချင်းအိမ်များ ဈေး ဆိုင်ဖွင့်လှစ်ရန်၊ကုမ္ပဏီအရောင်းပြ ခန်းများဖွင့်လှစ်ရန် ငှားရမ်းမှုများ လာသည်။ ချမ်းအေးသာစံမြို့နယ် ၇၃လမ်း၂၆လမ်းနှင့်၃၅လမ်းကြား၊ ၇၈လမ်း၂၆လမ်းနှင့်၃၈လမ်းကြား တွင် ဖုန်းအရောင်းဆိုင်၊ အွန်လိုင်း စတိုး၊ ဆိုင်ကယ်အရောင်းပြခန်း၊ ယာဉ်အလှဆင်ပစ္စည်းအရောင်းဆိုင် ဖွင့်လိုသူများငှားရမ်းမှုများပြီး ပေ ၂ဝပေ၄ဝအကျယ်တိုက်ခန်းမှာတစ် လငှားရမ်းခ ကျပ်၁ဝသိန်းဝန်းကျင် ရှိပြီး လုံချင်းအိမ်ငှားရမ်းခမှာ တစ် လကျပ်သိန်း၂ဝကျော်ရှိကြောင်း အိမ်ခြံမြေအကျိုးဆောင်များထံမှ သိရသည်။

မန္တလေးဆင်ခြေဖုံးရပ်ကွက်များ ဖြစ်သော ချမ်းမြသာစည်မြို့နယ် မြရည်နန္ဒာရပ်ကွက်၊ ထွန်တုံးရပ် ကွက်၊ သင်ပန်းကုန်းရပ်ကွက်များ တွင်လည်းအခြားပြည်နယ်နှင့်တိုင်း ဒေသကြီးများမှမန္တလေးမြို့သို့ လာ ရောက်၍ စီးပွားလာရှာကြသော မိသားစုများကလည်း လုံးချင်းအိမ် များ ငှားရမ်းမှုများလာရာ မနော် ဟရီလမ်းနှင့်မင်းကြီးရန်နောင်လမ်း ကြား၅၅လမ်းရှိ လုံးချင်းအိမ်းငှား ဈေးများမှာ ကျပ်ငါးသိန်းဝန်းကျင်အထိ ဈေးမြင့်သွားသည်။

 ချမ်းမြသာစည် မြို့နယ်ရှိ တန်းဖိုးနည်းအိမ်ရာနှင့် တန်းဖိုးမျှတအိမ်ရာများတွင် လည်း အငှားဈေးကွက်မြင့်တက်လာရာ မြေညီထပ်မှာ တစ်လသုံးသိန်းဝန်း ကျင်ဈေးပေါက်လျက်ရှိပြီး စတုတ္ထ ထပ်ကျပ်တစ်သိန်းဈေးရှိရာ မိသားစု နည်းသူများ ငှားရမ်းနေထိုင်ကြသည်။ မန္တလေးတက္ကသိုလ်အနီးမဟာနွယ် စဉ်ရပ်ကွက်၊စင်္ကြာနွယ်စဉ်ရပ်ကွက် များတွင်လည်း ဘော်ဒါဆောင်ငှား ရမ်းခများလည်းဈေးမြင့်တက်လျက် ရှိပြီး ရေမီးအစုံနှစ်ယောက်ခန်း တစ်လကျပ်တစ်သိန်းနှစ်သောင်း၊စုပေါင်း ခန်းတစ်ယောက် ကျပ်သုံးသောင်း ဝန်းကျင်ရှိသည်။ နယ်မှလာရောက် ၍ မန္တလေးမြို့ရှိ ကုမ္ပဏီ၊ စတိုး ဆိုင်လုပ်သူအမျိုးသမီးများ ငှားရမ်း နေထိုင်ကြကြောင်း သိရသည်။

သီဟကိုကို(မန္တလေး)
The Union Daily
https://www.facebook.com/uniondaily.net
မန္တလေး အိမ်ခြံမြေဈေးကွက် အရောင်းအဝယ်အေး မြို့တွင်းနှင့် ဆင်ခြေဖုံးရပ်ကွက်များ အိမ်အငှားများပြား မန္တလေး အိမ်ခြံမြေဈေးကွက် အရောင်းအဝယ်အေး မြို့တွင်းနှင့် ဆင်ခြေဖုံးရပ်ကွက်များ အိမ်အငှားများပြား Reviewed by THITHTOOLWIN on 16:42 Rating: 5
Powered by Blogger.