လက်နဲ့ ထိရင် ရောဂါ ပျောက်တယ်ဆိုတဲ့ ပေါင်းတည်က ကလေးငယ် ဆေးဆရာ ပြန်လည်ကုသ ခွင့်ရပြီဟုသိရ


ပဲခူးတိုင်းဒေသကြီး ပေါင်း တည်မြို့က လက်နဲ့ ထိရင် ရောဂါ ပျောက်ကင်းတယ်ဆိုတဲ့ ကလေးငယ်ကို ဆေးကုသခွင့် အပိတ်ခံထားရတာမဟုတ်ပဲ ခဏနားနေတာဖြစ်ပြီး လပြည့်ကျော်(၅)ရက်နေ့မှာ ပြန်လည်ဆေးကုသမယ်လို့သိရပါတယ် ။ အခုလို ခန နားနေလိုက်ရတာဟာ ဒေသခံ ဈေးသည်တွေရဲ့ တိုင်တန်းမှုကြောင့် ကျေးရွာအုပ်ချုပ်ရေးမှူး က ခတ္တခန ဆေးကုသခွင့်ရပ်နားဖို့ လာရောက်ပြောကြားခဲ့ပေမယ့် လက်ရှိမှာတော့ အုပ်ချုပ်ရေးမှူးစစ်ဆေးချက်ပြီးလို့ ညွှိနှိုင်းပြီးစီးသွားပြီဖြစ်ပြီး ပြန်လည် ကုသခွင့်ရသွားပြီလို့ သိရပါတယ် ။

 ကလေးငယ်ရဲ့ ဆေးကုသခွင့်ကို အခုလ ( ၃ ရက်)ကစပြီး ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ကတိုင်တန်းချက်တွေကြောင့် ခနရပ်နားခိုင်းခဲ့ရပါတယ် ။ အခုလို ခနနားလိုက်တာဟာ ကလေးငယ်စီကို နေ့စဉ် လာရောက် ဆေးကုသခံတဲ့ ဒေသခံတွေ ကူးစက်ရောဂါ ပါလာမှာ စိုးရိမ်ခြင်း၊ ဒုစရိုက်မှုတွေ ဖြစ်ပေါ်လာမှာစိုးတယ်လို့ ဒေသခံတွေက တောင်းဆိုတာကြောင့် ပိတ်သိမ်းတယ်လို့ သိရပါတယ် ။

ဒါပေမယ့် ကလေးငယ်မိသားစုကတော့ ကလေးငယ်စီကို လာရောက်ဆေးကုသမှုခံယူသူတွေ များပြား နေချိန်မှာ ကလေးငယ်ရဲ့ ရေမန်းဆိုပြီး ဒေသအနီးမှာ ဈေးကွက်တစ်ခုလို ရောင်းချနေကြတဲ့ ဈေးသည်တွေက သူတို့ ရေဗူးတွေကို မန်းမှုတ်ဖို့ အကူညီတောင်းတာကို ကလေးငယ်က လုပ်ဆောင်မပေးလို့ တိုင်တန်းခဲ့ကြတာလို့ ဆိုပါတယ် ။

အသက် (၅) နှစ်သာရှိသေးတဲ့ မောင်ထွန်းတေဇအောင် ဆိုသူကလေးငယ်ဟာ ပေါင်းတည်မြို့ ကြာနီကန် ကျေးရွာအုပ်စု ရှားပေါင်ရွာဇာတိ ဖြစ် ဖြစ်ပါတယ် ။ သူဟာ လက်ရှိမှာ ကေဂျီ တန်းမှာတက်ရောက်ပညာ သင်ကြားနေတာဖြစ်ပါတယ် ။ သူ့လက် ၊ ခြေတို့ နဲ့ ထိရင်ရောဂါပျောက်ကင်းတယ်လို့ ယုံကြည်ကြသူတွေ ဟာ ဒေသမှာ များပြားလို့နေပါတယ် ။ အမျိုးသမီးကြီးတစ်ဦးရဲ့ မျက်လုံးအောက်ရှိ အကျိတ်ဖုတစ်ခုကို လက်နဲ့ ပွတ်သပ်ရာ ပျောက်ကင်းခဲ့တာက စပြီး လူသိများခဲ့တယ်လို့ သိရပါတယ် ။ သူ့ရဲ့ခြေ၊ လက်တွေနဲ့ တို့ထိ ရုံနဲ့ ဆေးကုသနိုင်တယ်ဆိုတဲ့ ယုံကြည်ချက်နဲ့ တစ်ရက်ကို လူရာပေါင်းများစွာ ကုသပေးနေတယ်လို့ သိရပါတယ်။ အခကြေးငွေ သက်မှတ်ချက်မထားပဲ စေတနာအလျောက် လှူဒါန်း တာကို လက်ခံတယ်လို့ ဆိုပါတယ် ။

သတင်းထောက် ................ ရဲထက်ကျော် (5 PLUS NEWS)
5 PLUS NEWS
https://www.facebook.com/5plusnews/
လက်နဲ့ ထိရင် ရောဂါ ပျောက်တယ်ဆိုတဲ့ ပေါင်းတည်က ကလေးငယ် ဆေးဆရာ ပြန်လည်ကုသ ခွင့်ရပြီဟုသိရ လက်နဲ့ ထိရင် ရောဂါ ပျောက်တယ်ဆိုတဲ့ ပေါင်းတည်က ကလေးငယ် ဆေးဆရာ ပြန်လည်ကုသ ခွင့်ရပြီဟုသိရ Reviewed by THITHTOOLWIN on 19:38 Rating: 5
Powered by Blogger.