မော်လမြိုင်၊ အောက်တိုဘာ ၂၆
အလံတရာနယ်မြေတွင် ဖြစ်ပေါ်နေသော ကိစ္စရပ်များနှင့် ပတ်သက်ပြီး နိုင်ငံတော်သံဃာ့မဟာနာယ အဖွဲ့မှ အမိန့်ညွှန်းကြားလာပါက သာသနာသန့်ရှင်းရေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မွန်ပြည်နယ် သံဃာမဟာနာယကအဖွဲ့ ဥက္ကဋ္ဌဆရာတော် ဘဒ္ဒန္တဝိစိတ္တသာရ (အဂ္ဂမဟာပဏ္ဍိတ)က မိန့်ကြားသည်။
“ ညွှန်ကြားချက် မရှိရင်တော့ လုပ်လို့တော့ မရဘူး။ သူတို့ဆုံးဖြတ်ချက်က အဓိက ဖြစ်သွားပြီး။ လူပိုင်းဆိုင်ရာတော့ ဝန်ကြီးတွေ သူတို့ဆောင်ရွက်သွားလိမ့်မယ်ဆိုလို့ ကြေငြာထားတယ်”ဟု ဆရာတော်က မိန့်ကြားသည်။
ယင်းကိစ္စနှင့် ပတ်သက်ပြီး မြို့နယ်သံဃာ့မဟာနာယကအဖွဲ့က ဆောင်ရွက်နေသော်လည်း အလံတရာနယ်မြေတွင် သာသနာပြုနေသည့်အဖွဲ့ကလိုက်နာဆောင်ရွက်ခြင်းမရှိကြောင်း၊ သာသနာသန့်ရှင်းရေးများ ဆောင်ရွက်နိုင်ရန်အတွက် နိုင်ငံတော်သံဃာမဟာနယကအဖွဲ့ကိုယ်တိုင် ဆုံးဖြတ်ရမည်ဖြစ်ကြောင်း ဆရာတော်က မိန့်ဆိုသည်။
“သူတို့လုပ်နေတာတွေကို ဓမ္မစက်နဲ့ တားမြစ်တယ်။ ဒါပေမယ့် သူတို့က ဂရုမစိုက်တဲ့ပုံစံမျိုးနဲ့ ဆက်လုပ်တယ်။ လူထုက မခံနိုင်တော့ ဓမ္မစက်နဲ့ ဆောင်ရွက်လို့မရတော့ အာဏာစက်နဲ့ ဆောင်ရွက်တယ်”ဟု ဆရာတော် ဘဒ္ဒန္တဝိစိတ္တသာရ(အဂ္ဂမဟာပဏ္ဍိတ)က ဆက်လက်မိန့်ကြားသည်။
အရပ်ဖက်အဖွဲ့အစည်းများ၏ စေ့ဆော်မှုကြောင့် ပန်းဦးလွှတ်ဇာတ်လမ်းပေါ်ပေါက်လာကာ ပြည်နယ်ဝန်ကြီးချုပ်က အောက်တိုဘာ ၁၉ ရက်နေ့တွင် ဖမ်းဆီးရန် ညွှန်ကြားထားသည်။
ပန်းဦးလွှတ်သူဟု ကျော်ကြားသူ ခွန်တန်နှင့် အားပေးကူညီခဲ့ကြသော လှထွန်း၊ သန်းလေး၊ ဝင်ဗိုလ်၊ အောင်မြတ်စိုး၊ ဆင်ကြီး၊ ခင်မောင်တို့အား အရေးယူပေးရန် အောက်တိုဘာလ ၂၄ ရက်က ကာယကံရှင် အမျိုးသမီး၏ ဖခင်ဖြစ်သူ ဦးဝင်းညွန့်မှ လာရောက်အမှုဖွင့်ထားကြောင်း သထုံမြို့မရဲစခန်းထံမှ သိရသည်။
ရွှေရိုး
Hinthar Media Corporation
https://www.facebook.com/hintharmediacorporation/
မဟနအဖွဲ့မှ ညွှန်ကြားလာပါက အလံတရာနယ်မြေတွင် သာသနာသန့်ရှင်းရေး ဆောင်ရွက်မည်
Reviewed by THITHTOOLWIN
on
18:32
Rating:
