ဆင်ရိုင်း နင်းလို့ ရိုဟင်ဂျာ ၄ ဦး သေဆုံး


မြန်မာ နယ်စပ်နားက တောထဲမှာ ဆင်ရိုင်း နင်းလို့ ရိုဟင်ဂျာ ဒုက္ခသည် ၄ ယောက် သေဆုံး တယ်လို့ ဘင်္ဂလားဒေ့ရှ် ရဲက ဆိုပါတယ်။

ကောက်ဆက်ဘဇား ခရိုင် က သစ်တော ထူထပ်တဲ့ နေရာမှာ နေထိုင်ဖို့ ယာယီတဲ ဆောက်နေ တဲ့ မိသားစုကို ဆင်နင်းလို့ အမျိုးသမီး တယောက် နဲ့ ကလေး ၃ ဦး သေဆုံးတယ်လို့ ဆိုပါတယ်။

၂ ဦး ဒဏ်ရာရတယ် လို့လည်း သိရပါတယ်။

ဒါဟာ မြန်မာပြည်မှာ ဆူပူမှုတွေကြောင့် ထွက်ပြေးလာတဲ့ ဒုက္ခသည်တွေကို ဒုတိယ အကြိမ် ဆင်ရိုင်း နင်းခံရတာ ဖြစ်ပါတယ်။

ဘင်္ဂလားဒေ့ရှ်ကို မြန်မာဘက်က ထွက်ပြေးလာတဲ့ ဒုက္ခသည် ၅ သိန်းကျော် ရှိနေပြီလို့ ကုလသမဂ္ဂက ပြောဆိုပါတယ်။

ဘီဘီစီမြန်မာပိုင်း
BBC Burmese
https://www.facebook.com/bbcburmese/
ဆင်ရိုင်း နင်းလို့ ရိုဟင်ဂျာ ၄ ဦး သေဆုံး ဆင်ရိုင်း နင်းလို့ ရိုဟင်ဂျာ ၄ ဦး သေဆုံး Reviewed by THITHTOOLWIN on 09:16 Rating: 5
Powered by Blogger.