တစ်ရာကျပ်တန်၊ နှစ်ရာကျပ်တန်၊ ငါးရာကျပ်တန်များ ဝန်ထမ်းလစာတွင် ထည့်သွင်းပေးသွားမည်

လက်ရှိအသုံးပြုလျက်ရှိသည့် ငွေစက္ကူအချို့ အားတွေ့ရစဉ် (ဆင်ဟွာ)
 ရန်ကုန်၊ အောက်တိုဘာ ၁၂ ရက် (ဆင်ဟွာ)

    ရန်ကုန်မြို့နေ ပြည်သူလူထု နိစ္စဓူဝ အသုံးစရိတ်များတွင် တစ်ရာကျပ်တန်၊ နှစ်ရာကျပ်တန်၊ ငါးရာကျပ်တန်များ ရှားပါးနေသောကြောင့် ဝန်ထမ်းများအား လစာငွေထုတ်ပေးရာတွင် အဆိုပါငွေစက္ကူများ အား မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှတစ်ဆင့် မြန်မာ့စီးပွားရေးဘဏ်နှင့် ကျန်ရှိဘဏ်များက ငွေစက္ကူများ ထုတ်ပေးခြင်းအား ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ၊စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ဦးမြင့်သောင်းက ပြောကြားသည်။

ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ပဉ္စမပုံမှန်အစည်းအဝေး ဒဿမနေ့တွင် မင်္ဂလာတောင်ညွန့်မြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂) လွှတ်တော်ကိုယ်စားလှယ် ဦးရန်အောင်က ထိုကိစ္စ နှင့် ပတ်သက်၍ မေးခွန်းမေးမြန်းခဲ့ခြင်းအား ပြန်လည်ဖြေကြားခဲ့ခြင်းဖြစ်သည်။

 မြန်မာနိုင်ငံတော်ဗဟိုဘဏ်၊ ငွေကြေးစီမံခန့်ခွဲမှုဌာနမှ ငွေစက္ကူအသစ်တွေကို ၂၀၁၇ သြဂုတ်လ လစာထဲတွင် ၀န်ထမ်းတစ်ဦးလျှင် ကျပ်၅၀၀တန်(၁)အုပ်၊ ကျပ်၁၀၀တန်(၁)အုပ်၊ စက်တင်ဘာလ လစာထဲမှာ ပင်စင်စားများအတွက် လစာထုတ်သည့် ငွေတွင် ပင်စင်လစာ ၅၀၀၀၀/-အောက်ရရှိသည့် ပင်စင်စားတစ်ဦးလျှင် ကျပ်၅၀တန်နှင့် ကျပ်၁၀၀တန် နှစ်သက်ရာ(၁)အုပ်စီနှင့် ကျပ်၅၀၀၀၀အထက် ရရှိသည့် ပင်စင်စားတစ်ဦးလျှင် ကျပ်၂၀၀တန် သို့မဟုတ် ကျပ်၅၀၀တန် နှစ်သက်ရာ(၁)အုပ်စီကို ထုတ်ပေးခဲ့ပါကြောင်း သိရသည်။

(Xinhua)
http://www.xinhuamyanmar.com
တစ်ရာကျပ်တန်၊ နှစ်ရာကျပ်တန်၊ ငါးရာကျပ်တန်များ ဝန်ထမ်းလစာတွင် ထည့်သွင်းပေးသွားမည် တစ်ရာကျပ်တန်၊ နှစ်ရာကျပ်တန်၊ ငါးရာကျပ်တန်များ ဝန်ထမ်းလစာတွင် ထည့်သွင်းပေးသွားမည် Reviewed by THITHTOOLWIN on 19:40 Rating: 5
Powered by Blogger.