မိတ္ထီလာ-တောင်ကြီး ကားလမ်းပေါ်ရေကျော်နေ၍ မော်တော်ယာဉ်ကြီး၊ ယာဉ်ငယ်များကို ဖြတ်သန်းမောင်းနှင်ခွင့် ယာယီပိတ်ထားဆဲဖြစ်
မိတ္ထီလာ အောက်တိုဘာ ၂၃
သာစည်မြို့ နယ်အတွင်းပါဝင်သည့် မင်းလှကန်အနီး မိတ္ထီလာ-တောင်ကြီး ကားလမ်းမော်တော်ယာဉ်ကြီး ၊ယာဉ်ငယ်များ ယင်းလမ်းပေါ်မှ ဖြတ်သန်းမောင်းနှင်ခွင့်ကိုအောက်တိုဘာလ ၂၃ ရက်နေ့ နံနက်ပိုင်း အချိန်ထိ ယာယီပိတ်ထားဆဲဖြစ်ကြောင်းသိရသည်။
မိတ္ထီလာမြို့ နယ်ထဲမှာပါဝင်တဲ့ ပျဉ်သာကျိတ်ပုလဲကျေးရွာလမ်း ဆုံအနီးနဲ့  မိတ္ထီလာမြို့ ရှောင်လမ်းဆုံတဲ့ နေရာကစတင်ပြီးမိတ္ထီလာ -တောင်ကြီးကားလမ်းပေါ်ကနေ မော်တော်ယာဉ်ကြီးယာဉ်ငယ်တွေဖြတ်သန်း သွားလာခွင့်ပိတ်ထားပါတယ်။ မိုးအဆက်မပြတ်ရွာသွန်းပြီးမင်းလှကန်အနီးကမိတ္ထီလာ-တောင်ကြီးကားလမ်းပေါ်မှာရေကျော်နေတာကြောင့် အခုလိုကားလမ်းကို ယာယီပိတ်ထားတာ ရက်သတ္တပတ်တစ်ပတ်နီးပါးရှိသွားပါပြီ။ တောင်ကြီးဘက်ကလာတဲ့မော်တော်ယာဉ်ကြီးငယ်တွေနဲ့  တောင်ကြီး ဘက်ကိုသွားမယ့် မော်တော်ယာဉ်ကြီးငယ် တွေကလတ်တလောတော့ သပြေ၀ကျေးရွာလမ်းဆုံအနီးမှတစ်ဆင့်သပြေ၀-သာစည်ကားလမ်းမ အတိုင်းဖြတ်သန်းမောင်းနှင်နေပါတယ်ဟု အဆိုပါလမ်းစတင်ပိတ်ထားသည့်နေရာ လမ်းဆုံအနီးရှိပျဉ်သာကျေးရွာမှ ဒေသခံတစ်ဦးကပြောသည်။
အောက်တိုဘာလဆန်းကပိုင်းမှစတင်ပြီး မိုးအဆက်မပြတ်သွားရွာခြင်းကြောင့် မိတ္ထီလာ-တောင်ကြီးကားလမ်းပေါ်တွင် ရေကျော်ခြင်း များဖြစ်ပေါ်ရာသာစည်မြို့ နယ် ကွမ်းခြံရိုးကျေးရွာအနီးရှိမိတ္ထီလာ -တောင်ကြီးကားလမ်းမယာဘက်ဘေးတွင် လမ်းပခုံးသားတစ်ချို့  မိုးရေတိုက်စားခြင်းကြောင့် ပျက်စီးပြိုကျနေပြီးမော်တော်
ဆိုင်ကယ်များကိုမူယင်းလမ်းပေါ်မှ ဖြတ်သန်းသွားလာခွင့်ပြုထားကာ ယင်းလမ်းမှတစ်ဆင့်မင်းလှကန်ဘောင်လမ်းပေါ်မှ ရှောင်ကွင်း ဖြတ်သန်းမောင်းနှင်လျက်ရှိကြောင်း သိရသည်။
ချမ်းသာ ( မိတ္ထီလာ )
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS
မိတ္ထီလာ-တောင်ကြီး ကားလမ်းပေါ်ရေကျော်နေ၍ မော်တော်ယာဉ်ကြီး၊ ယာဉ်ငယ်များကို ဖြတ်သန်းမောင်းနှင်ခွင့် ယာယီပိတ်ထားဆဲဖြစ်
Reviewed by THITHTOOLWIN
on
18:05
Rating:
