ပြည်နယ်နဲ့ တိုင်း ၇ ခုမှာ မိုးများနိုင်

၂၀၁၇ ခုနှစ်၊ အောက်တိုဘာလ (၅) ရက်နေ့ မွန်းလွဲ (၂:၀၀) နာရီအချိန် မိုးလေဝသတိုင်းထွာချက်ကို တွေ့ရစဉ်။ ဓါတ်ပုံ - မိုးလေ၀သနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန
ဘင်္ဂလားပင်လယ်အော်မှာ မုတ်သုံလေအားကောင်းနေတဲ့အတွက် ပြည်နယ်နဲ့ တိုင်းဒေသကြီး ၇ ခုမှာ  သုံးရက်အတွင်း မိုးများနိုင်တယ်လို့ မိုးလေ၀သနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ညွှန်ကြားရေးမှူးချုပ် ဦးကျော်မိုးဦးက ပြောပါတယ်။

မွန်၊ ကရင်၊ ရခိုင်၊ ဧရာဝတီ၊ ရန်ကုန်၊ ပဲခူး၊ တနင်္သာရီ စတဲ့ တိုင်းနဲ့ ပြည်နယ်တွေမှာ လာမယ့် ၃ ရက်အတွင်း နေရာကွက်ပြီး မိုးကြီးတာတွေ ဖြစ်နိုင်တယ်လို့ ဦးကျော်မိုးဦးက ပြောပါတယ်။

"ကပ္ပလီပင်လယ်ပြင်နဲ့ ဘင်္ဂလားပင်လယ်အော်မှာ လေလှည့်ပတ်မှုလေးတစ်ခု အဲဒါရဲ့အရှိန်ကြောင့်မို့လို့ မုတ်သုံလေအား နည်းနည်းပြန်တက်လာတာကတစ်ကြောင်း၊နောက် မုတ်သုံက မြစ်ဝကျွန်းပေါ်က ထွက်တော့မယ့်အနေအထား အဲဒီမုတ်သုံထွက်ခါနီးနားကြရင် အဲဒီထွက်မယ့်ဒေသတွေမှာ မိုးများတယ်၊ပြီးတော့မှ မိုးတဖြေးဖြေးလျော့သွားတယ်၊ အဲဒါကြောင့် မြစ်ဝကျွန်းပေါ်ဒေသတွေနဲ့ မွန်၊ကရင်နဲ့ ရခိုင်ဒေသတွေမှာ နှစ်ရက် သုံးရက်ထိကို မိုးရွာနေဦးမှာပါ"

လက်ရှိအချိန်ဟာ မုတ်သုံလေ ဆုတ်ခွာနေတဲ့ အချိန်ဖြစ်တာကြောင့် အားကောင်းတဲ့ မိုးတိမ်တောင်တွေ ဖြစ်ပေါ်နေပြီး မိုးသည်းထန်တာ၊ လေပြင်းတိုက်ခတ်တာ၊ လျှပ်စီးလက်တာ၊ မိုးခြိမ်းတာနဲ့ မိုးကြိုးပစ်တာတွေ ဖြစ်ပေါ်နိုင်လို့ သတိပြုနေထိုင်သင့်တယ်လို့လည်း ဆိုပါတယ်။

ဒါ့အပြင် မြန်မာ့ပင်လယ်ပြင် မြစ်ဝကျွန်းပေါ်၊ မုတ္တမကွေ့၊ မွန်၊ တနင်္သာရီ ကမ်းရိုးတန်းတလျှောက်နဲ့ ကမ်းလွန် ပင်လယ်ပြင်တို့မှာ မိုးသက်လေပြင်းတွေကျရောက်နိုင်ပြီး လှိုင်းအသင့်အတင့်ကနေ လှိုင်းကြီးနိုင်တယ်လို့ မိုးလေ၀သနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ထားပါတယ်။

မိုးသက်လေပြင်းကျစဉ်မှာ ရေပြင်၊ မြေပြင်လေက တစ်နာရီ ၃၅ မိုင်ထိ တိုက်ခတ်နိုင်တယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

RFA Burmese
http://www.rfa.org/burmese
ပြည်နယ်နဲ့ တိုင်း ၇ ခုမှာ မိုးများနိုင် ပြည်နယ်နဲ့ တိုင်း ၇ ခုမှာ မိုးများနိုင် Reviewed by THITHTOOLWIN on 18:42 Rating: 5
Powered by Blogger.