တောင်ကြီးမြို့မဈေးတွင် ပျံကျဈေးသည်များထံ သတ်မှတ်နူန်းထက် ဈေးကောက် ပိုကောက်နေ


တောင်ကြီးမြို့ငါးရက်တစ်ဈေး ဟင်းသီးဟင်းရွက်ရောင်းသောပျံကျ ဈေးသည်များထံတွင် ဈေးကောက်နုန်းထား များအားသတ်မှတ်နှုန်း ထက်ပိုကောက်ခံလျက်ရှိကြောင်းအောက်တိုဘာ၂၃ရက်နေ့တွင်သိရသည်။
ဈေးသည်များ ရောင်းချသည့်နေရာတွင်၅ပေခန့်သာရှိသော်လည်း ဈေးကောက်အား၅၀၀ကျပ်ပေးရသူရှိသလို၊၄၀၀ကျပ်ပေးရသူလည်း ရှိကြောင်းဟင်းသီးဟင်းရွက်လာရောင်းသူများထံမှသိရသည်။
"ဈေးကောက်နူန်းကိုလူကြီးတွေဘယ်လောက်သတ်မှတ်ပေးတယ်ဆိုတာတော့မသိဘူးဒီမြေပဲပြုတ်နဲ့ဇီးဖြူသီးတွက်လေးရာပေးရတယ်''ဟု ပျံကျုဈေးလာရောင်းသူမွိုးမွံကပြောသည်။


မဲနယ်တောင်ဒေသလုံးဒါရွာမှငှက်ပျော်ရွက်လာရောင်းသူအဖွားတစ်ဦးကလည်း''အရင်ကလာရောင်းဖူးတာငှက်ပျောရွတ်တစ်လိပ်ကိုသုံးရာ လေးရာထိရတယ်ဒီနေ့ကတလိပ်ကိုတစ်ရာနဲ့ရောင်းတာတောင်ဝယ် သမားမရှိဘူး ဈေးကောက်ကိုတော့လေးရာပေး လိုက်ရပြီ''ဟု ပြောသည်။

အမည်မဖော်လိုသူအဘွားတစ်ဦးကလည်း"အဘွားတို့ အရင်က ၂၀၀ ဘဲပေးရတာ၊ ခု ၅၀၀ပေးရတယ် တပတ်တခါမှလာရောင်းလို့တဲ့ ၃၀၀ ပေးတာမရဘူး၊ ပစ္စည်းကတန်ဖိုးဘယ်လောက်မှမရှိဘူ"ဟုပြောသည်။
တောင်ကြီးမြို့မဈေးတာဝန်ခံဦးခင်အေးက"ပျံကျဈေးသည်ရဲ့ ဈေးကောက်နုန်းထားကို၁၀ပေကို ၄၀၀ ကျပ် ၅ပေဆိုရင် ၂၀၀ ကျပ် လို့သတ်မှတ်ထားပါတယ်ပစ္စည်းအမျိုးစားရယ်တော့ခွဲခြားထားတာမရှိဘူး''ဟုဆိုသည်။

ယခုလိုသတ်မှတ်နှုန်းထက်ပိုကောက်ခြင်းသည်ကန်ထရိုက်စွဲသူက ကောက်ခံခြင်းဖြစ်ပြီးဈေးနေ့တွင်အဝေးမှလာရောက်ရောင်းချသူများထံသာပိုပြီးကောက်ခံနေကြောင်း၊ အမြဲရောင်းနေသူများထံတွင် သုံးရာသာကောက်ခံကြောင်းဈေးသည်များထံမှသိရသည်။

နန်းခမ်းဟေမာန်
The People's Voice - ခမ်းသားငေါဝ်း
https://www.facebook.com/KhamSarNgor
တောင်ကြီးမြို့မဈေးတွင် ပျံကျဈေးသည်များထံ သတ်မှတ်နူန်းထက် ဈေးကောက် ပိုကောက်နေ တောင်ကြီးမြို့မဈေးတွင် ပျံကျဈေးသည်များထံ သတ်မှတ်နူန်းထက် ဈေးကောက် ပိုကောက်နေ Reviewed by THITHTOOLWIN on 21:19 Rating: 5
Powered by Blogger.