အမေရိကန်ပြည်ထောင်စုရှိ မန္တလေး ဘေး ဟိုတယ် အနီးတွင် ပစ်ခတ်မှုဖြစ်၊ လူ ၂၀ သေဆုံးပြီး ၁၀၀ ဦးဒဏ်ရာရ


ဝါရှင်တန်၊ အောက်တိုဘာလ၂ ။

အမေရိကန်ပြည်ထောင်စု၊ လက်ဗီးဂတ်စ် မြို့၊(Las Vegas) ၊ Mandalay Bay Hotel ဟိုတယ် နားမှာ အောက်တိုဘာလ ၁ ရက်နေ့ ည ( တနင်္ဂနွေည) ၁၀း ၃၀ လောက်က ပစ်ခတ်မှုတစ်ခုဖြစ်ပွားခဲ့တာကြောင့် လူ ၂၀ သေဆုံးပြီး ၊ လူ ၁၀၀ ဦးဒဏ်ရာရခဲ့တယ်လို့ BBC သတင်းမှာဖော်ပြပါတယ်။

ကျေးလက်စတိုင် ဂီတဖျော်ဖြေပွဲကျင်းပနေတုန်း အခုလို ပစ်ခတ်မှုဖြစ်ပွားခဲ့တာပါ။ ဒဏ်ရာရရှိသူတွေထဲက ၁၄ ဦးဟာ စိုးရိမ်ရတဲ့ အနေအထားရှိနေတယ်လို့ The National သတင်းမှာဖော်ပြထားပါတယ်။

သေနတ်သမားဟာ Mandalay Bay Hotel ၃၂ လွှာကနေ၊ ဂီတေ ဖျာ်ဖြေပွဲကျင်းပတဲ့နေရာကို အနီးကပ် ပစ်ခတ်ခဲ့တာပါ။

သေနတ်သမားကို ရဲက ပစ်သတ်နိုင်ခဲ့ပါတယ်။ သေနတ်သမားဟာ ဒေသတွင်းက လူတစ်ဦးဖြစ်တယ်လို့လည်းရဲကဆိုပါတယ်။

ရဲတပ်ဖွဲ့ဝင်တွေက သူတို့ယာဉ်တွေကို အကာအကွယ်ယူပြီး သေနတ်သမားကို ပစ်ခတ်ဖို့စောင့်နေသလို၊ ရပ်တပ်ဖွဲ့အချို့ကတော့ ဟိုတယ် ထဲဝင်ရောက်ပြီး ရှင်းလင်းမှုတွေလုပ်နေပါတယ်။

အခင်းဖြစ်တဲ့နေရာတစ်ဝိုက်ကိုရဲတပ်ဖွဲ့ကပိတ်ဆို့ထားပြီး
လေယာဉ်ခရီးစဉ်အချို့ကိုလည်းဆိုင်းငံ့ထားတယ်လို့ BBC သတင်းမှာဖော်ပြပါတယ်။

ကိုမျိုး
PHOTO - Getty Images ၊ AP
The Asia Heart News
အမေရိကန်ပြည်ထောင်စုရှိ မန္တလေး ဘေး ဟိုတယ် အနီးတွင် ပစ်ခတ်မှုဖြစ်၊ လူ ၂၀ သေဆုံးပြီး ၁၀၀ ဦးဒဏ်ရာရ အမေရိကန်ပြည်ထောင်စုရှိ မန္တလေး ဘေး ဟိုတယ် အနီးတွင် ပစ်ခတ်မှုဖြစ်၊ လူ ၂၀ သေဆုံးပြီး ၁၀၀ ဦးဒဏ်ရာရ Reviewed by THITHTOOLWIN on 16:05 Rating: 5
Powered by Blogger.