ပိန်းချောင်းရွာ လူသတ်မှု ၃ရက်အတွင်း တရားခံဖော်ထုတ်ဖမ်းဆီး


ညောင်တုန်း၊အောက်တိုဘာ ၁၂

ဧရာဝတီတိုင်းဒေသကြီးဟညောင်တုန်းမြို့နယ် ပိန်းချောင်းကျေးရွာမှာ အောက်တိုဘာ ၉ရက်နေ့ က စကေဘာထိုးသွင်းဒဏ်ရာများနှင့် လူသေအလောင်းတွေ့ရှိခဲ့ပြီး လူသတ်တရားခံအား၃ရက်အတွင်းဖေါ်ထုတ်ဖမ်းဆီးနိုင်ခဲ့ကြောင်းသိရသည်။

ယင်းအမှုဖြစ်စဉ်အား အခင်းဖြစ်နေ့မှစတင်ကာ ခရိုင်ဒ/နမှရဲအုပ်ကျော်လင်း ညောင်တုန်းရဲတပ်ဖွဲ့စခန်းမှ ဒုရဲအုပ်ချမ်းမြေ့ကျော် အပိုင်နယ်ထိန်းရဲတပ်ကြပ်သူရဝင်းထွဋ် တို့ ဦးဆောင်ကာ လူသတ်တရားခံအား အမြန်ဖမ်းဆီးရမိနိုင်ရေးဆောင်ရွက်ကြကြောင်းသိရသည်။


သက်ဆိုင်ရာဒေသတွင်း သတင်းထောက်လှမ်းချက်များ အရ စိုးနိုင် (ဘ)ဦးမောင်မောင် ဥတိုကျေးရွာနေသူသည် အခင်းဖြစ်အပြီး နောက်ပိုင်ရက်များတွင် ရွာ၌မတွေ့ရတော့ဘဲ ထူးခြားစွာ မသင်္ကာဖွယ်ပျောက်နေသဖြင့် သံသယတရားခံအားနယ်မြေအတွင်းပိတ်ဆို့ ရှာဖွေခဲ့သည်။

အောက်တိုဘာလ၁၁ရက်နေ့ တွင် ဗေါဓိကုန်းကွင်း အုတ်ဖိုမှတဆင့် ပကွန်ချောင်းရိုးတောစပ်တွင် ခိုအောင်းနေသော လူသတ်တရားခံအားတွေ့ရှိခဲ့ကာ ရဲတပ်ဖွဲ့ဝင်များ စံကင်းကျွန်းရေလုပ်သားကြီးများနှင့်ကျေးရွာအုပ်ချုပ်ရေးမှူးအဖွဲ့ဝင်များ စုစုပေါင်းအင်အား၄၀ခန့် ပူးပေါင်း၍ လက်ရဖမ်းဆီးနိုင်ခဲ့ကြောင်းသိရသည်။


လူသတ်တရားခံစိုးနိုင်အား ကနဦးစစ်ဆေးချက်များအရ ဒေါသစိတ်ဖြင့် ရန်ဖြစ်စကားများကာ သတ်ဖြတ်ခဲ့ခြင်းဖြစ်ကြောင်း ထွက်ဆိုထားသည်ဟု သက်ဆိုင်ရာရဲစခန်းတာဝန်ရှိသူထံမှသိရသည်။

ယင်းလူသတ်မှုကို ညောင်တုန်းမြို့ မြို့မရဲစခန်းမှ ခိုင်လုံစွာတည်ဆောက်ကာ တရားစွဲဆိုနိုင်ရန်ဆောင်ရွက်လျှက်ရှိကြောင်းသိရသည်။

ကိုသက်
Ayeyarwaddy Times
https://www.facebook.com/ayeyarwaddytimes
ပိန်းချောင်းရွာ လူသတ်မှု ၃ရက်အတွင်း တရားခံဖော်ထုတ်ဖမ်းဆီး ပိန်းချောင်းရွာ လူသတ်မှု ၃ရက်အတွင်း တရားခံဖော်ထုတ်ဖမ်းဆီး Reviewed by THITHTOOLWIN on 16:28 Rating: 5
Powered by Blogger.