မင်းပြားမြို့နယ် ဂရင်ဂျိုင်ဆည်တွင် ကိုးတန်းကျောင်းသားတစ်ဦး ရေနစ်သေဆုံး


စစ်တွေ၊ အောက်တိုဘာ ၃ဝ

ရခိုင်ပြည်နယ် မင်းပြားမြို့၏ အနောက်မြောက်ဘက်ရှိ ဂရင်ဂျိုင်ဆည်တွင် ကိုးတန်းကျောင်းသားတစ်ဦး ရေနစ်သေဆုံးသွားကြောင်း ရဲတပ်ဖွဲ့က အတည်ပြုပြောသည်။

"အဲဒီကောင်လေးက သူငယ်ချင်း ၃ ယောက်နဲ့အတူ ရေဆင်းကူးရာကနေ ရေနစ်ပြီးဆုံးသွားတာဖြစ်ပါတယ်"ဟု မင်းပြားမြို့မှရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက နိရဉ္စရာသို့ ပြောသည်။

သေဆုံးသွားသူမှာ မင်းပြားမြို့ မြို့သစ်ရပ်ကွက်မှ ဦးလှမောင်သိန်း၏ သားဖြစ်သူ မောင်လင်းကျော်သိန်း(ခ)ညီထွေးချေ (၁၅ နှစ်)ဖြစ်ပြီး မင်းပြား အထက(၁)ကျောင်းတွင် နဝမတန်းပညာသင်ကြားနေသူဖြစ်သည်။

သူသည် အောက်တိုဘာ ၂၉ ရက်နေ့၊ ညနေ ၅ နာရီခွဲခန့်က အဆိုပါဆည်တွင် ရေဆင်းကူးရာမှ ရေနစ်သေဆုံးသွားခြင်းဖြစ်သည်။

သူ၏အလောင်းအား အောက်တိုဘာ ၃ဝ ရက်နေ့တွင် သင်္ဂြိုလ်ခဲ့ပြီး ဓမ္မတာအတိုင်းသေဆုံးခြင်းဟုတ်/မဟုတ်ကို မင်းပြားရဲက ဆက်လက်စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မာန်ယုကျော် (ရွှေဝမြေ)
ဓာတ်ပုံ - အလင်းအိမ်
Narinjara
https://www.facebook.com/Narinjara
မင်းပြားမြို့နယ် ဂရင်ဂျိုင်ဆည်တွင် ကိုးတန်းကျောင်းသားတစ်ဦး ရေနစ်သေဆုံး မင်းပြားမြို့နယ် ဂရင်ဂျိုင်ဆည်တွင် ကိုးတန်းကျောင်းသားတစ်ဦး ရေနစ်သေဆုံး Reviewed by THITHTOOLWIN on 20:26 Rating: 5
Powered by Blogger.