မန္တလေးဈေးချိုတော် ၀န်းကျင် မှ ဈေးဆိုင်ခန်းများ တန်ဆောင်တိုင်ရက်ရှည် ပိတ်ရက် ကြေငြာ


အောက်တိုဘာ ၂၆ ။

မန္တလေးမြို့ ဈေးချိုတော်၊ အရှေ့ဘက်အဆင့်မြင့် တိုက်တန်း၊ မန်းမြန်မာပ လာဇာနှင့် ဈေးချိုတော်ဝန်းကျင် ဧရိယာမှ ဆိုင်ခန်းများကို တန်ဆောင်တိုင် ပွဲတော်ကာလ ရက်ရှည်ပိတ်ရက်အဖြစ် တန်ဆောင်မုန်းဆန်း၁၄ရက် (နိုဝင်ဘာ၂) မှ လပြည့်ကျော် ၁ရက်(နိုဝင်ဘာ ၄)ထိ ဈေးပိတ်ထားမည်ဖြ စ်ေ ကြာင်း ဈေးချိုတော်အကျိုး တော်ဆောင်အဖွဲမှ သိရသည်။

သီတင်းကျွတ်မှ စ၍ တန်ဆောင်မုန်းဆန်း ၁၃ ရက်ထိ ကထိန်ရာသီတွင် လူသုံးကုန်နှင့် လှူဖွယ်ပစ္စည်းများ ရောင်းအားကောင်းခြင်းကြောင့် လပြည့် မတိုင်မှီ ၁၃ ရက်နေ့ထိ ဈေးဖွင့်ပေးရန် တောင်းဆိုမှုကြောင့် ပြီးခဲ့သည့် ၂၀၁၆ ခုနှစ်မှစပြီး လဆန်း ၁၄ ရက်နေ့မှ စတင်ပိတ်ခဲ့ခြင်းဖြစ်သည်။
“ရက်ပိတ်။အရင်က အဝေးဖိတ် အဖိတ် လပြည့် ပိတ်။ပြီးခဲ့တဲ့နစ်က စပြီး ဈေးသူဈေးသားတွေ တောင်းဆို ချက်အရ ရောင်းအားကောင်းတဲ့ အဝေး ဖိတ်ကို မပိတ်တော့ဘဲ အဖိတ်နေ့စပြီး လပြည့်ကျော် ၁ ရက်နေ့ကို အစား ထိုးပြီး ၃ ရက်ပြည့်အောင်နောက်ရက်မှာ အစားထိုးပိတ်ပေးခဲ့တယ်။”ဟု ဈေးချိုတော် အကျိုးဆောင်အဖွဲ့ အတွင်းရေးမှူး ဦးမင်းမင်းက ပြောသည်။

Mandalay News
https://www.facebook.com/lin.aung.777
မန္တလေးဈေးချိုတော် ၀န်းကျင် မှ ဈေးဆိုင်ခန်းများ တန်ဆောင်တိုင်ရက်ရှည် ပိတ်ရက် ကြေငြာ မန္တလေးဈေးချိုတော် ၀န်းကျင် မှ ဈေးဆိုင်ခန်းများ တန်ဆောင်တိုင်ရက်ရှည် ပိတ်ရက် ကြေငြာ Reviewed by THITHTOOLWIN on 18:27 Rating: 5
Powered by Blogger.