အတူအိပ်ရန်ခေါ်သွားခဲ့ပြီး မတန်တဆဈေးနိမ် တန်ဘိုးဖြတ်ခဲ့သူ ရဲအရာရှိ အား အမှုဖွင့်ခံရ


၁၁-၁၀-၂၀၁၇

အသက် (၅၂)နှစ် ရှိ ရဲအရာရှိတဦးက သူ့ ကိုဟော်တည်ခေါ်သွားပြီး အတူအိပ်ဖို့  ဘတ်ငွေ (၉၀) မြန်မာငွေ ကျပ်၁၀၀၀ကျော် နဲ့  တန်ဘိုးဖြတ်ခဲ့လို့  အတင်းရုန်းကန်ထွက်ပြေးခဲ့ရသူ Mickey Rachaya မိုက်ကီးရချရာ ရဲ့ သတင်းတွေဟာ ထိုင်းနိုင်ငံ သတင်းတွေမှာ နံမည်ကြီးနေပါတယ်။

အဆိုပါရဲအရာရှိဟာ ဘန်ကောက်မြို့  က ရဘူရန ခရိုင်အတွင်းမှာ တာဝန်ထမ်းဆောင်နေတဲ့သူဖြစ်ပါတယ်။ ထိုင်းနိုင်ငံမှာ မရှိတဲ့ဈေးနဲ့ အတူအိပ်ခအဖြစ် ကွေ့တယိုနှစ်ပွဲစာ သာပေးပြီး တန်ဘိုးဖြတ်ခံရတဲ့အတွက် သူက ရဲစခန်းမှာ အတင်းအကြပ် ကာမဆက်ဆံရန် ကြိုးစားမှုနဲ့  အမှုဖွင့်ခဲ့ပါတယ်။

ထိုင်းနိုင်ငံမှာ နိုက်ကလပ်က အမျိုးသမီးတဦးကို နှစ်ဦးသဘောတူ အိပ်ဘို့ အပြင်ကိုခေါ်သွားမယ်ဆိုရင် ထိုင်းဘတ်ငွေ ၁၀၀၀ ကနေ ၁၅၀၀ အထိပေးရပါတယ်။

မိန်းမလျာတဦးဖြစ်လို့  ခုလို ဈေးနိမ်ပြီး ဘတ် (၉၀)သာပေးခဲ့တဲ့ ရဲအရာရှိဟာ ချောမောတဲ့ မိန်းမလျာတွေရဲ့  အပြင်ဈေးက ဘယ်ဈေးပေါက်တယ်ဆိုတာသူအနေ့ နဲ့  မသိတာလား၊ (အမျိုးသမီးများပေါက်ဈေးအတိုင်းတန်းတူညီတူပေးရသည်) မိန်းခလေးထင်ပြီး ခေါ်သွားခဲ့ပြီးကာမှ အခြောက်ဖြစ်နေလို့  ခုလို့  မထူးဇတ်ခင်းပြီး ဘတ်ငွေကိုးဆယ်နဲ့ လိင်ဆက်ဆံဘို့ ကြိုးစားရင်းက စကားများ ရန်ဖြစ်ခဲ့ တာလား ဆိုတာတော့ အခန်းတွင်း ဇတ်လမ်းကို ဘယ်သူမှသိနိုင်မှာ မဟုတ်ပါဘူး။

ခုလို ဖြစ်ရပ်တွေ မကြာခဏ ဖြစ်နေတာဗျ ..နှစ်ဦး စကားများရန်ဖြစ်ရင်းနဲ ထိုးကြိတ်နှဘန်းလုံးကြတဲ့ အထိ ဖြစ်ခဲ့လို့  ဟော်တယ်ဝန်ထမ်းတွေက ၀င်ဆွဲဟန့် တား ခဲ့ရကြောင်း အဆိုပါ ဟော်တယ်ရဲ့ အစောင့် ၀န်ထမ်းက ပြောပါတယ်။

Social Action for Children and Women - SAW

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

အချိန်နဲ့ တပြေးညီ သတင်းများ ဖတ်ရှုနိုင်ဖို့  facebook "like" ကို နှိပ်ပါ။ thithtoolwin9@gmail.com ကို လည်း သတင်းများ ဆက်သွယ်ပေးပို့ နိုင်ပါသည်။
နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Advertisement

 

အသစ် တင်သမျှ သတင်းများ အလို အလျှောက်ပို့  ပေးပါမည်

ကျန်းမာရေးနှင့် ဖျော်ဖြေရေး

တစ်ပတ်အတွင်း စိတ်ဝင်စားဖွယ်ရာ သတင်းများ

သတင်းစာနှင့် ဂျာနယ်များ